မန်ယူနောက်ခံဟောင်း ဖာဒီနန်ဟာ မန်ယူရဲ့ရွှေရောင်နေ့ရက်တွေဖြတ်သန်းခဲ့ရတဲ့နှစ်တွေမှာ အကောင်းဆုံးနောက်တန်းခံစစ်တွဲအဖြစ် အသင်းဖော်ဗီဒစ်နဲ့အတူ ကစားခဲ့သူဖြစ်ပါတယ်…

ဖာဒီနန်ကတော့ ဆိုးရှားလ်ကို အရမ်းကောင်းတဲ့ နည်းပြတဦးပါ ဖာဂူဆန်နောက်ပိုင်းနည်းပြတွေထဲမှာ သူဟာ မန်ယူကို အရမ်းအလေးထားဂရုစိုက်တဲ့နည်းပြတဦးပါလို့ ချီးကျုးပြောဆိုခဲ့ပါတယ်….အသင်းသားတွေကိုလည်း စည်းကမ်းတင်းကျပ်တာမျိုး လုပ်သင့်ပါတယ် ..လို့လည်းပြောခဲ့ပါတယ်…

ဒါပေမဲ့ လက်ရှိကစားနေတဲ့ 4-1-4-1 ကစားကွက်ဟာ တွဲလုံးတွေ အကွက်ဖော်ပြီးကစားတာမှန်ပါတယ်…အသင်းသားအားလုံးက လိုက်ပါကစားရမယ့် အခင်းအကျင်းမျိုးပါ…အဲ့ဒါကို ကစားသမားတွေက လိုက်ပါပြီးအားစိုက်ထုတ်တာမျိုးမရှိပါဘူး….နောက်ပြီး အားနည်းချက်အရှိဆုံးက နောက်တန်းပါ အမှားတွေများသလို ဘောလုံးပါသွားရင် ချက်ချင်းဆင်းလာတာမျိုးမရှိပါဘူး…..ကြံခိုင်ရည်မပြည့်၀တာလား…..အားထုတ်မှုမရှိတာလားတော့ ကျနော်မပြောပြတတ်တော့ပါဘူး…..အကောင်းဆုံးကတော့ ကစားကွက်အချိန်းအပြောင်း လူအလဲ နဲ့ဆော့သင့်တယ်လို့ထင်ပါတယ်…အရင် 4-4-2 ကစားကွက်နဲ့ အံဝင်ခဲ့တဲ့ မန်ယူအသင်းလိုတော့ ဖြစ်စေချင်မိတာပေါ့……ဟု Manchester Evening News မှာပြောသွားခဲ့ပါတယ်…

Manchester Evening News

Leave a Comment

Your email address will not be published.