မန်ယူအသင်းဟာ အရင်ပွဲတွေမှာ 4-1-4-1 ကစားကွက်နဲ့ လူမလဲဘဲ ကစားသွားခဲ့ပါတယ်…အခုလက်ရှိမှာတော့ အသင်းရဲ့ကစားကွက်ကို တည်ဆောက်မရဖြစ်နေတယ်ပုံဘဲလို့ Mancheser Evening News မှာ စတိနူဗစ်က ပြောသွားခဲ့ပါတယ်…နောက်ပီး ကစားကွက်အသစ်ထွက်လာမယ်လို့လည်း ခန့်မှန်းသွားခဲ့ပါတယ်…

မန်ယူဟာ ဒီအခင်းအကျင်းတိုင်းလာမယ်ဆို ဖာနန်ဒက်ဟာ နောက်ချန်တိုက်စစ်မှူးအနေနဲ့ လိုက်ပါရမှာဖြစ်ပြီး ကျနော်တော့ သိပ်စိတ်ကြိုက်တွေ့တဲ့ပုံစံတော့မဟုတ်ဘူး..နောက်ကစားကွက်တခုကိုလည်း စတိနူဗစ်(ကစားကွက် ခန့်မှန်းကျွမ်းကျင်သူ) ကပြောသွားခဲ့ပါသေးတယ်

ဒီကစားကွက်မှာတော့ ဖာနန်ဒက်ဟာ ဗန်ဒါဗတ်နဲ့အတူတွဲပြီး ကွင်းလယ်ကို ကောင်းကောင်းကြီးထိမ်းကျောင်းသွားမယ်…ဂစ်နဲ့စခိုးလ်အတွဲလိုပေါ့ နောက်ပြီး မကြိုက်တာတော့ Rashford နဲ့ ဂရင်းဝုဒ်ကြိုတွဲပီး တောင်ပံကနေ အတက်အဆင်း ကြမ်းကြမ်းနဲ့ကစားပြီး တိုက်စစ်ကို ပံ့ပိုးပေးမယ့် ပုံစံမျိုးပိုကြိုက်ပါတယ် ဒီလိုဆို အရင် ယူနိုက်တက်ရဲ့ ရွှေရောင်နေ့ရက်တွေ ပြန်မြင်ရပါလိမ့်မယ် ” ဟု ပြောသွားခဲ့ပါတယ်

Leave a Comment

Your email address will not be published.