မန်ယူအသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်ကတော့ မန်ယူမှာ အောင်မြင်မှုများစွာ နဲ့ ဖလားများစွာ ကိုရယူထားနိုင်ခဲ့တဲ့ကစားသမားတယောက်ဖြစ်ပါတယ်…သူကတော့ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာ မန်ယူ ရဲ့ အားနည်းချက်တွေနဲ့ အသင်းရဲ့လက်ရှိအနေအထား ကစားသမားတွေအကြောင်းကို ထောက်ပြဝေဖန်သွားတာကို Twitter မှာ မန်ယူပရိတ်သတ်များစွာက တခဲနက်ထောက်ခံအားပေးခဲ့ကြပါတယ်…

ဖာဒီနန်က ” မန်ယူအသင်း ရဲ့ အနေအထားကိုပြောပါ ဆိုရင် ကျနော်က နောက်တန်းခံစစ်ကစားသမားလေ….အဲ့ဒီတော့နောက်တန်းကနေဘဲ စပြောကြရအောင်…မန်ယူနောက်တန်းမှာ အထူးပြောချင်တာက မက်ကွိုင်းယားနဲ့ လင်ဒီလော့ အားစိုက်ထုတ်မှုမရှိဘူး…အရမ်းပေါ့ပေါ့တန်တန်ကစားနေတယ်….ပြီးတော့ လင်ဒီလော့ မာန်လေးကိုလျော့စေချင်တယ်….ဘယ်တောင်ပံကခံစစ်ကစားသမား ပေါက်လိုက်ရင်သူ့ဘက်ချည်းဘဲ

သူအထူးဂရုစိုက်သင့်နေပြီ…ရှောကိုကတော့ ကျနော် အထူးတလည် မချီးမွမ်းတော့ပါဘူး….သူဟာအလွန်အဆင်ပြေတဲ့ကစားသမားဖြစ်နေပြီ သူဟာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရတာမှန်ပေမဲ့ ဘရိုက်တန်နဲ့ပွဲမှာ အကောင်းဆုံးပုံစံ ရှိနေခဲ့ပြီ ဘဲ….ဒါလေးကိုဆက်ထိမ်းထားပါလို့ပြောချင်ပါတယ်…

ဖာဒီနန်က ” ကျနော်ထပ်ပြီးတော့ အပြောင်းအရွေ့အတွက်ဆိုရင်တော့ဆန်ချိုထက် ဗဟိုနောက်ခံလူတဦးကို အမြန်ဆုံးခေါ်ယူသင့်နေပါပြီ , ဆန်ချိုကိုခေါ်မယ့်အစား ဗဟိုနောက်ခံလူတယောက်ခေါ်သင့်ပါတယ်….”လို့ သူ့ရဲ့ ဝေဖန်မှုများကို Twitter မှ မန်ယူဖန်များတခဲနက်ထောက်ခံအားပေးသဘောတူခဲ့ကြပါတယ်…

Source – MEN Twitter

Leave a Comment

Your email address will not be published.