မန်ယူ ဟာ ၂၀၀၇-၂၀၀၈ ဝန်းကျင်က ကစားသမားအများစု မရှိတော့တဲ့အချိန်မှာ အများသိကြတဲ့အတိုင်း နေရာတိုင်းအားနည်းချက်များစွာနဲ့ ဖိအားများစွာ ရှိနေတဲ့ အသင်းတသင်းလိုဖြစ်နေပါပြီ အခု ရာသီအစမှာတော့ မန်ယူ ဟာ ဖိအားတွေ အားနည်းချက်တွေကြားကနေ အသင်းအတွက် အားထားရတဲ့ကစားသမားတွေ အမာခံကစားသမားတွေထွက်ပေါ်လို့လာပါတယ်…..

အဲ့ဒီထဲမှာ ယနေ့မနက်ပိုင်း MEN မှာ ဖာဂူဆန်ပြောသွားခဲ့တဲ့ စကားလေးတခွန်းကလည်း ပရိတ်သတ်တွေအတွက် အားရှိစေမယ့် စကားလေးတခွန်းဖြစ်ခဲ့ပါတယ်….အဲ့တာကတော့ မန်ယူမှာ အရင်တုန်းကျနော့်စကားကို အမြဲနားထောင်တတ်တဲ့ တပည့်တယောက်ဖြစ်တဲ့ အီဗရာ လက်သစ်လေးတယောက်မန်ယူမှာ အစားပြန်၇လိုက်ပြီ ….အဲ့ဒီလူက လုရှော ပါဘဲလို့ MEN မှာ ဖာဂူဆန်ပြောခဲ့ပါတယ်….

ဖာဂူဆန်က ကျနော်တို့ ထပ်ပြီးပြောစရာရှိတာက လုရှောဟာ ဘရိုက်တန်နဲ့ပွဲမှာ တပွဲလုံး ဘယ်တောင်ပံ အစွန်ကနေ ခံစစ်ကော တိုက်စစ်ကော နှစ်ခုလုံးလိုက်ပါကစားသွားနိုင်ခဲ့တယ်…အဲ့ဒါကို ကျနော် မြင်လိုက်ရတော့ အီဗရာကိုသတိရသွားတယ် …လုရှောဟာ အီဗရာနေရာကို ဆက်ခံမယ်လို့ ကျနော်မှတ်ချက်ပေးပါတယ်….မန်ယူမှာ ဒီနှစ်ပိုင်း အတွင်း မှာ အရင်ကစားသမားတွေနေရာမှာအစားထိုးဖို့လူတွေ စမ်းသပ်သလိုဖြစ်နေလို့
ကစားကွက်မတည်ငြိမ်တာတွေဖြစ်နေတာကို မြင်၇မှာပါ……

ဒါပေမဲ့ ဒီရာသီမှာ လုရှော နဲ့ ရတ်ဖို့စ် အတွဲဟာ ရီးရဲမှာ အတွဲညီခဲ့တဲ့ မာဆယ်လို နဲ့ ကျနော်တပည့် ရော်နယ်ဒို တို့ အတွဲလို ဖြစ်လာမယ်လို့့ကျနော်မြင်ပါတယ်…ဒါကလည်း သူတို့အားစိုက်ထုတ်မှု နဲ့ လက်ရှိစွမ်းရည်ကို ထိမ်းသိမ်းပါလို့လည်းပြောချင်ပါတယ်….ဟု MEN News မှာ အမေးဖြေတော်တော်များများကို ဖာဂူဆန်ဟာဖြေကြားသွားခဲ့ပါတယ်….

FBV News

Leave a Comment

Your email address will not be published.