MEN Sports News မှာ မန်ယူပရိတ်သတ်များက ပေါ့ဘာပွဲထွက်လာတာထက် ဗန်ဒါဘတ်ပွဲထွက်ကစားတာကိုပိုမိုမြင်တွေ့လိုကြောင်း စာတိုများ ဖြင့်ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်…
ဆိုးရှားလ်ကိုယ်တိုင်ကလည်း ဘရိုက်တန်နဲ့ပွဲမှာ ကစားခဲ့တော့ ပေါ့ဘာ ဟာ ရောဂါကြောင့် အပြည့်အ၀ ကြံခိုင်မှုမရသေးဘူးဆိုတာ ကို ဝန်ခံခဲ့ပါတယ်….

MEN Sports က Twitter မှာ စစ်တမ်းတခုပြုလုပ်ခဲ့ပါတယ်…အဲ့ဒါကတော့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူကွင်းလယ်ကစားသမား လေးဦးထဲမှာ ဘယ်သူ့ကိုပါလာစေချင်လဲဆိုတာကို Poll လုပ်ပြီးစစ်တမ်းကောက်ခဲ့ပါတယ်…စစ်တမ်းကောက်တဲ့ နေရာမှာ ကွင်းလယ်ကစားသမား လေး ဦးအဖြစ် ဗန်ဒါဘတ် ၊ ပေါ့ဘာ ၊ ဖရက် ၊ နှေး တို့ပါဝင်ခဲ့ပါတယ်….

အဲ့ဒီPoll မှာ ပရိတ်သတ်တွေ က မဲပေးရွေးချယ်ရမှာ ဗန်ဒါဘတ်က ၇၀ % ၊ ပေါ့ဘာ က ၂၂% ၊ဖရက် ၄.၇ % ၊ နှေး ၂.၇ % တို့ဖြင့် ဗန်ဒါဘတ် ကျန်တဲ့ကစားသမားသုံးဦးထက် မဲအပြတ်သတ်ဖြင့် အနိုင်ယူခဲ့ပါတယ်…..နောက်ပြီးတော့ ဖာနန်ဒက် နှင့် မာတစ်တို့ နဲ့ ကစား ဖို့ကိုလည်း ဆိုးရှားကို ပရိတ်သတ်များက တောင်းဆိုသွားခဲ့ကြပါတယ်…

Leave a Comment

Your email address will not be published.