အာဆင်နယ်အသင်းဟာ အသင်းရဲ့ပစ်မှတ်ကစားသမား အာဝါကိုကမ်းလှမ်းမှုတွေကိုနောက်ဆုတ်ပြီး ချဲယ်ဆီးကွင်းလယ်ကစာသမားဂျော်ဂျင်ဟိုကိုပြောင်းလည်းခေါ်ယူဖို့ နှစ်ဘက်အသင်းတာဝန်ရှိသူတွေညှိနှိုင်းနေကြကြောင်းသတင်းရရှိပါတယ်။

အာဝါအတွက်ပြောင်းရွှေ့ကြေးကိုလိုင်ယွန်အသင်းမှထပ်မံမြှင့်တင်မှုပြုလုပ်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းဟာ အခုလိုအပြောင်းအလဲတွေပြုလုပ်လာတာဖြစ်ပါတယ်။အာဆင်နာ်အသင်းက အာဝါအတွက်ပေါင်သန်း၄၀အပါအဝင်Add Onကြေးနဲ့ကမ်းလှမ်းခဲ့ပေမယ် လိုင်ယွန်အသင်းကပြောင်းရွှေကြေးပေါင်သန်း၆၀ထိတောင်းဆိုနေတာကြောင့် အပြောင်းအရွေ့ဖြစ်ဖို့ဝေးကွာနေတာပါ။

ဂျော်ဂျင်ဟိုကတော့ချဲယ်ဆီးအသင်းကနေထွက်ခွာမယ်လို့သတင်းကြီးနေသလို ယမန်နေ့ ခရစ္စတယ်ပဲလေ့အသင်းကိုဂိုးပြန်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ခြေစွမ်းပြပြီးကစားနိုင်ခဲ့သလိုပင်နယ်တီဂိုးနှစ်ဂိုးသွင်းယူခဲ့ကာအကောင်းဆုံးကစားသမားဆုပါရရှိထားသူပါ။

အဆိုပါပွဲစဉ်မှာဘဲအသင်းဖေါ်တိုက်စစ်မှူး အေဗရာဟမ်နဲ့ပင်နယ်တီလုကန်ရာမှအနည်းငယ်အချင်းများခဲ့သေးကြောင်းသိရပါတယ်။အာဆင်နယ်အသင်းဟာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ သောမတ်စ်ပါတေးနဲ့ လိုင်ယွန်ကြယ်ပွင့် ဟောက်ဆန်အဝါးတို့ကို အဓိကပစ်မှတ်ထားခဲ့ပေမယ့် ဂျော်ဂျင်ဟိုက ပိုဈေးသက်သာပြီး ခေါ်ယူဖို့လွယ်ကူနေခဲ့တာဖြစ်လို့ ခုလို အပြောင်းအရွှေ့ဖြစ်လာတာလည်းဖြစ်ပါတယ်။

ချဲယ်ဆီးအသင်းအနေနဲ့လည်းကွင်းလယ်ကစားသမားအများအပြားထပ်မံဝယ်ယူထားတာကြောင့် ပိုရှံနေတဲ့ကစားသမားတွေကိုအမြန်ရောင်းချချင်နေတာပါ။ချဲယ်ဆီးနဲ့အာဆင်နယ်အသင်းတို့ဟာကစားသမားအရောင်အဝယ်မှာဆက်ဆံရေးကောင်းတွေရှိနေပြီးချဲယ်ဆီးကစားသမားဝီလီယံနဲ့ဒေဗစ်လုစ်ကို
အာဆင်နယ်ကခေါ်ယူထားသလိုအာဆင်နယ်ကစားသမားဂျရူးကိုလည်းချဲယ်ဆီးကခေါ်ယူထားပါတယ်။

 

Leave a Comment

Your email address will not be published.