ချဲယ်ဆီးအသင်းရဲ့ လူငယ်တောင်ပံတိုက်စစ်ကစားသမား အိုဒွိုင်းကို ဂျာမန်ဘွန်ဒက်လီဂါကလပ်ဘိုင်ယန်မြူးနစ်အသင်း ကဝယ်ယူရန်ပေါင်သန်း၇၀ဖြင့်ကမ်းလှမ်းမှုကိုချဲယ်ဆီးအသင်းကပယ်ချလိုက်ပါတယ်။ဘိုင်ယန်အသင်းက အိုဒွိုင်းကိုပထမတစ်ရာသီအငှားဖြင့်ခေါ်ယူခွင့်အပါအဝင် ပေါင်သန်း၇၀ဖြင့်ကမ်းလှမ်းခဲ့တာပါ။အဆိုပါကမ်းလှမ်းမှုကိုချဲယ်ဆီးအသင်းကချက်ခြင်းပယ်ချလိုက်ကြောင်း The Guardianသတင်းအရသိရပါတယ်။

ချဲယ်ဆီးနည်းပြလမ်းပက်ကအသက်၁၉နှစ်အရွယ်ကစားသမားလေးရဲ့အနာဂတ်ဟာ လန်ဒန်မှာဘဲရှိနေကြောင်းပြောကြားခဲ့ပေမယ့် နေရာလုပွဲပြင်းထန်ပြီးအရန်ကစားသမားအဖြစ်သာဖြတ်သန်းရဖို့များနေတဲ့အိုဒွိုင်းကတော့ ဂျာမနီကိုပြောင်းချင်နေကြောင်းသိရပါတယ်။အိုဒွိုင်းဟာသူ့ရဲ့အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝရှေ့ဆက်နိုင်ဖို့အတွက် ပွဲထွက်ကစားခွင့်ကိုလိုချင်တာဖြစ်ပါတယ်။

ချဲယ်ဆီးအသင်းဟာ အခုဈေးကွက်မှာပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ထားတာကြောင့် ကွင်းလယ်မှာ ဟာဗက်၊ဇီးယက်၊မေဆင်မောင့်၊ပူလီဆစ်တို့အပြင်အသစ်ခေါ်ယူထားတဲ့တိုက်စစ်မှူးဝါနာကလည်း တောင်ပံကစားပုံအားသန်တဲ့အတွက် အိုဒွိုင်းဟာပွဲထွက်ကစားခွင့်လျော့နည်းလာနိုင်တာကြောင့် အသင်းပြောင်းရွှေ့ချင်တာပါ။

ချဲယ်ဆီးအကယ်ဒမီကထွက်ပေါ်လာတဲ့အိုဒွိုင်းကျွမ်းကျင်မှုကောင်းပြီးလျှင်လျှင်မြန်မြန်နဲ့တစ်ဦးချင်းကောင်းတဲ့ကစားပုံမျိုးရှိပြီးတခါတရံမှာ တကိုယ်ကောင်းဆန်ဆန်ကစားတတ်တာကြောင့်ပရိတ်သတ်တွေကလည်းမကြာခဏဝေဖန်မှုကိုကြုံတွေ့ရတတ်သူလည်းဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.