မန်ယူအသင်းသည် PSG အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးထားသည့် ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီ (၃၃ နှစ်)အား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူပြီး (၂)နှစ်စာချုပ်ချုပ်ဆိုရန်သဘောတူညီမှုရခဲ့ကြောင်း ESPN သတင်းဌာနကဖော်ပြခဲ့သည်။

ကာဗာနီအနေဖြင့် အောက်တိုဘာ (၄)ရက်နေ့ (တနင်္ဂနွေနေ့)တွင် မန်ချက်စတာမြို့သို့လာရောက်ကာ ဆေးစစ်မှုခံယူမည်ဖြစ်ပြီး၊ တရားဝင်ထုတ်ပြန်ကြေညာမှုကို အောက်တိုဘာ(၄)ရက်နေ့ (သို့မဟုတ်) အောက်တိုဘာ (၅)ရက်နေ့တွင် ပြုလုပ်လိမ့်မည်ဖြစ်ကြောင်းလည်းသိရသည်။မန်ယူအသင်းသည် ကာဗာနီအား တစ်နှစ်လစာငွေယူရို (၁၀)သန်းအထက် ပေးချေမည်ဖြစ်သည်။

ကာဗာနီဟာမန်ယူအသင်းနဲ့အတူအသင်းဟောင်းPSGအသင်းကို ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ကာဗာနီဟာဥရုကွေးလက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ပြီးအဆုံးသတ်ကောင်းသူကစားသမားတစ်ဦးအဖြစ်ထင်ရှားပါတယ်။

ကာဗာနီကစားခဲ့တဲ့လိဂ်တိုင်းမှာ ထိပ်တန်းဂိုးသွင်းသူဖြစ်ခဲ့သူပါကာဗာနီဟာစီးရီးအေပွဲပေါင်း ၂၁၃ပွဲကစားခဲ့ပြီး၁၁၂ဂိုးသွင်း ၁၆ဂိုးဖန်တီးပေးထားပါတယ်။PSGအသင်းနဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်၂၀၀ကစားထားပြီး၁၃၈ဂိုးသွင်းယူကာဂိုး၃၀ဖန်တီးထားသူပါကာဗာနီဟာPSGအသင်းမှာ ထိပ်တန်တိုက်စစ်မှူးတေါဖြစ်တဲ့နေမာ၊ဘာပေ၊အီကာဒီတို့နဲ့အပြိုင် နေရာတခုကို ယူနိုင်စွမ်းရှိခဲ့တဲ့ကစားသမားပါ။

ချန်ပီယံလိဂ်၆၂ပွဲကစားထားပြီး၃၅ဂိုးသွင်းယူကာဂိုးဖန်တီးပေးထားတဲ့အတွေ့အကြုံရင်းကစားသမားတစ်ဦးဖြစ်ပြီး။ကာဗာနီကြောင့် မန်ယူအသင်းတိုက်စစ်မှူးအီဂါလိရဲ့အိုးထရက်ဖိုစ့်နေရက်တွေကုန်ဆုံးပြီလို့ပြောလို့ရပါတယ်။

Leave a Comment

Your email address will not be published.