ဥရုကွေးမက်ဆီလို့ထင်ရှားတဲ့ ပါနဲရိုးအသင်းမှ လူငယ်ခြေတတ်ကစားသမားလေးပါလီစတာရီကို မန်ယူအသင်းကခေါ်ယူလိုက်ကြောင်းဒေသဆိုင်ရာသတင်းအရင်းအမြစ်များအရသိရပါတယ်။အသက်၁၈နှစ်အရွယ် ပါလီစတာရီဟာမန်ယူအသင်းမှာ ကစားခွင့်ရရှိခဲ့တဲ့ စတ္တုထမြောက်ဥရုကွေးကစားသမားဖြစ်လာတော့မှာဖြစ်သလိုမန်ယူအသင်းကလည်းတရက်အတွင်းဥရုကွေးကစားသမားနှစ်ဦးကိုတပြိုင်ထဲခေါ်ယူခဲ့တဲ့နေ့တနေ့ဖြစ်ပါလာတယ်။

ဥရုကွေးရဲ့မက်ဆီလို့လူသိများတဲ့ ပါလီစတာရီကို ဥရောပထိပ်တန်းအသင်းကြီး အနည်းဆုံး၅သင်းနဲ့အပြိုင်မန်ယူအသင်းယှဉ်ပြိုင်ဝယ်ယူခဲ့ရတာဖြစ်ပြီးအနီးဆုံးပြိုင်ဘက်မန်စီးတီးနဲ့ချဲယ်ဆီးအသင်းတို့ပါဝင်တယ်လို့သိရပါတယ်။ကစားသမားလေးအတွက် စာချုပ်ဖျက်သိမ်းကြေးပေါင်ဆယ်သန်းပေးခဲ့ရပြီးမန်ယူအသင်းနဲ့၅နှစ်စာချုပ်ချုပ်ဆိုမယ်လို့သိရပါတယ်။ဆေးစစ်မှုကိုတော့ ဥရုကွေးနိုင်ငံမှာဘဲပြုလုပ်မှာဖြစ်ပြီးပါနဲရိုးအသင်းကတော့ အငှားစာချုပ်၆လနဲ့ ပြန်ကစားခွင့်ပေးဖို့တောင်းဆိုမှုရှိနေပြီး မန်ယူအသင်းကတော့ အဆိုပါအချက်ကို ခွင့်ပြုပေးဖို့မရှိဘူးလို့အကြောင်းပြန်ထားကြောင်းသိရပါတယ်။

အသက်၁၈နှစ်အရွယ်ကစားသမားလေးဟာ ပါနဲရိုးအသင်းကြီးနဲ့ဥရုကွေးလိဂ်မှာ၃၇ပွဲပွဲထွက်ခွင့်ရရှိထားပြီးတောင်အမေရီကချန်ပီယံလိဂ်လို့ထင်ရှားတဲ့ကိုပါလေဘာဒိုစ်းပွဲစဉ်တွေလည်းကစားခွင့်ရထားသူပါ။ညာတောင်ပံကစားစစ်စစ်ဖြစ်ပေမယ့် လိုအပ်ရင်ဘယ်တောင်ပံကိုလည်းပြောင်းကစားနိုင်တဲ့ ဘယ်ညာ တောင်ပံစွယ်စုံရကစားသမားဖြစ်ပြီးအသင်းကြီးမှာတန်းပြီးကစားခွင့်ရမယ့်အနေထားဖြစ်ပါတယ်။

ဥရောပအတွေ့အကြုံလုံးဝမရှိသေးတဲ့အားနည်းချက်ကြောင့်မန်ယူအသင်းအနေနဲ့ ပွဲထွက်ခွင့် ပေးဖို့တော့လိုပါလိမ့်မယ် ပါရမီရှင်ကစားသမားတစ်ဦးဖြစ်ကြောင်း ကတော့ ဥရုကွေးလိဂ်ပွဲစဉ်တွေမှသက်သေပြထားခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.