အာဆင်နယ်အသင်းရဲ့ကာလရှည်ပစ်မှတ်တခုဖြစ်တဲ့ အက်တလန်တီကိုအသင်းကွင်းလယ်ကစားသမားသောမက်ပါတေးကိုအာဆင်နယ်အသင်းက အပြောင်းအရွှေ့နောက်ဆုံးနေ့မှာခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းသတင်းများအခိုင်အမာထွက်ပေါ်လာပါပြီ။

အဆိုပါသတင်းတွေဖြစ်ပေါ်လာရတာကတော့ပါတေးရဲ့ လူမှုရေးလက်ထောက်ဖြစ်တဲ့ဆင်မြူရယ်ဇီဂတ်ရဲ့လူမှုကွန်ယက်ပေါ်ကပိုစ့်တစ်ခုကြောင့်ဖြစ်သွားတာပါ။ဇီဂတ်ကငိုနေတဲ့ ရုပ်ပုံလေးကိုတင်လိုက်တာပါ။အက်တလန်တီကိုပရိတ်သတ်ဖြစ်တဲ့ ဇီဂတ်အတွက်တော့ဝမ်းနည်းစရာသတင်းဖြစ်နေပါတယ်။အဆိုပါရုပ်ပုံကြောင့် လူမှုကွန်ယက်မှာအာဆင်နယ်ပရိတ်သတ်တွေဟာ ပါတေးတယောက်အာဆင်နယ်အသင်းကိုရောက်ရှိလာပြီယုံကြည်မှုမြင့်တတ်လာတာပါ။

ပါတေးကိုအာဆင်နယ်အသင်းကလည်းကမ်းလှမ်းမှုအသစ်ထပ်မံပြုလုပ်လိုက်ပြီးပေါင်၄၅သန်းဖြင့်ကမ်းလှမ်းလိုက်ကြောင်းသိရပါတယ်။အဆိုပါကမ်းလှမ်းမှုတွေအပြီးမှာ အခုလို အက်တလန်တီကိုပရိတ်သတ်ဇီဂတ်ရဲ့အခုလိုတုန့်ပြန်မှုကိုလည်းမြင်တွေ့နေရပြီးအာဆင်နယ်ရဲ့ကမ်းလှမ်းမှုဟာလည်းအေတီကိုအသင်းတောင်ဆိုထားမှုနဲ့သိပ်မဝေးလို့အပြောင်းအရွှေ့ဟာ အာဆင်နယ်အတွက် သတင်းကောင်းနဲ့ပြီးဆုံးသွားပြီလို့ယုံကြည်ရပါပြီ။

Leave a Comment

Your email address will not be published.