ယမန်နေ့ညကစပါးအသင်းကို မန်ယူအသင်းကအိမ်ကွင်းမှာဂိုးပြတ်နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးလွန်ခဲ့တဲ့၉နှစ်က
အိမ်ကွင်းမှာ မန်စီးတီးအသင်းကို အခုလိုမျိုး၆ဂိုး၁ဂိုနဲ့ရှုံးနိမ့်ဘူးတဲ့စံချိန်ကိုအမှီလိုက်နိုင်ခဲ့ပါတယ်။မန်ယူအသင်းဟာဦးဆောင်ဂိုးရခဲ့ပေမယ့် မိနစ်ပိုင်းအတွင်းမှာ ဘဲနောက်တန်းအမှားတွေကတဆင့် ချေပဂိုးနဲ့အနိုင်ဂိုးတွေဆက်တိုက်ပေးခဲ့ရပြီးပထမပိုင်းမှာ ဘဲ လေးဂိုးတစ်ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

အဆိုပါရှုံးနိမ့်နေမှုကြောင့် ပထမပိုင်းအပြီး ခေတ္တနားချိန်မှာ မန်ယူနည်းပြဆိုးရှားဟာ သူ့ဆရာဖာဂူဆန်ပုံစံအတိုင်းနားနေခန်းမှာကစားသမားတွေကို အပြင်းအထန် ဆူပူခဲ့ပြီးဖာဂူဆန်ရဲ့ နာမည်ကြီး လေပူမှုတ်စက် ပုံစံအတိုင်းဖြစ်နေခဲ့တဲ့လို့ အမည်မဖေါ်လိုတဲ့မန်ယူကစားသမားတစ်ဦးက sport unitedကိုပြောကြားခဲ့ပါတယ်။အတိုပါကစားသမားကအခုပုံစံဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ၃-၂နဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာ လည်း အခုလိုပြောကြားမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဆိုးရှားက ကစားသမားအားလုံးကို မန်ယူအသင်းအင်္ကျီဝတ်ဆင်ဖို့မထိုက်တန်သူတွေလို့ပြောကြားခဲ့ကြောင်းနဲ့ ကွင်းလယ်ကစားသမားများဟာ နောက်တန်းကို ကာကွယ်ကစားရာမှာတာဝန်ပျက်ကွက်တယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.