မန်ယူအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့ဖြစ်တဲ့ယနေ့မှာအထူးအလုပ်ရှုပ်နေပြီး ကစားသမားဝယ်ယူမှုတွေဆက်တိုက်ပြုလုပ်နေပြီး ယနေ့အတွက် စတ္တုထမြောက်ဝယ်ယူမှုအဖြစ်အတ္တလန်တာအသင်းမှလူငယ်တောင်ပံကစားသမားလေးအာမက်ထရာအိုရေးကိုပေါင်သန်း၃၀နဲ့ထပ်မံဝယ်ယူလိုက်ပါတယ်။ဒါပေမယ့်အလုပ်လုပ်ခွင့်ပါပစ်အခက်အခဲကြောင့် အဆိုပါအသက်၁၈နှစ်အရွယ်ကစားသမားလေးဟာ မန်ယူအသင်းကို လာမယ့်ဇန်နဝါရီလမှ လာရောက်ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။

ထရာအိုရေးဟာ အီတလီနိုင်ငံမှာ ငယ်စဉ်ထဲကနေထိုင်ခဲ့ပေမယ့် အိုင်ဗရီကိုစ့်နိုင်ငံသားဖြစ်နေတာကြောင့်
ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းအရ သတ်မှတ်လက်ရွေးစင်ပွဲအရေအတွက်မပြည့်သေးလို့ အလုပ်လုပ်ခွင့်ပါမစ်မရရှိသေးကြောင်းသိရပါတယ်။

ထရာအိုရေးဟာခုဘောလုံးရာသီမှာ အတ္တလန်တာအသင်းမှာမိနစ်၃၀ခန့်သာကစားရသေပြီးကာကလီရာဂီအသင်းကို၅-၂ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်နာရီဝက်ခန့် လူစားဝင်ရောက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။သူဟာအတ္တလန်တာအသင်းအတွက်၂၀၁၉ခုနှစ်က အူဒီးနိအသင်းနဲ့ပွဲစဉ်မှာ ပထမဆုံးလူစားဝင်ရောက်ကစားခွင့်ရရှိခဲ့ပြီး ကွင်းထဲရောက်ပြီး၄မိနစ်အကြာမှာဘဲအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဆိုပါသွင်းဂိုးကြောင့် ထရာအိုရေးဟာ စီးရီးအေမှာ ၂၀၀၂နောက်ပိုင်းမွေးဖွားသူတွေထဲမှ‌ာ ပထမဆုံးဂိုးသွင်းနိုင်ခဲ့သူအဖြစ်မှတ်တမ်းရရှိခဲ့သူပါ။သူဟာတစ်ဥိးချင်းကျွမ်းကျင်မှုနဲ့လျှင်မြန်မှု ပေါင်းစပ်ကစားနိုင်သလို မန်ယူအသင်းရဲ့အားနည်းချက်ဖြစ်နေတဲ့ ညာတောင်ပံကစားသမားတစ်ဦးဖြစ်သလို အသင်းရဲ့နောက်ထပ်အားနည်းချက်တခုဖြစ်တဲ့ဖြတ်တင်ဘောတွေပေးပို့ရာမှာလည်းထူချွန်သူဖြစ်ပါတယ်။

Related Topic:

Leave a Comment

Your email address will not be published.