မန်ယူအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့ရောက်ရှိချိန်မှာ ှကစားသမားတွေအပူတပြင်း
ခေါ်ယူမှုတွေပြုလုပ်နေပြီးအသင်းအတွက်စတ္တုထမြောက်လက်မှတ်ထိုးခေါ်ယူမှုအဖြစ်ပေါ်တိုအသင်းမှ
ဘရာဇီးဘယ်နောက်ခံကစားသမား အဲလက်တဲလ်ကို ပေါင်၁၈သန်းခန့်ဖြင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အဲလက်တဲလ်ဟာအခုအခာမှာမန်ယူအသင်းရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်လေ့ကျင့်ရေးစင်တာကိုဆေးစစ်ရန်ရောက်ရှိနေပြီး ဆေးစစ်ပြီးစီးရင်အပြောင်းအရွှေ့ကိုကြေညာတော့မယ်လို့သိရပါတယ်။ယမန်နေ့ည ကအရှက်ရဖွယ်စပါးအသင်းကိုရှုံးနိမ့်မှုပွဲစဉ်အတွင်းမှာဘဲဝုဒ်ဝက်ဟာအဆိုပါအပြောင်းအရွှေ့တွေအတွက် မီးစိမ်းပြခဲ့ကြောင်းသိရပါတယ်။

အသက်၂၇နှစ်အရွယ် တိုက်စစ်အားသန်ဘရာဇီးဘယ်နောက်ခံကစားသမားကိုမန်ယူအသင်းကနှစ်ရှည်စာချုပ်နဲ့ခေါ်ယူတာဖြစ်ပြီးစုစုပေါင်း၅နှစ်စာချုပ်ဖြစ်ကြောင်းသိရပါတယ်။မန်ယူအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးအချိန်တွေမှာ ခေါ်ယူမှုတွေရောင်းချမှုတွေဆက်တိုက်လုပ်နေပြီး အသင်းမှ စမောလင်း၊ရိုမဲရိုးနဲ့ရိုဂျိုတို့ဆက်လက်ထွက်ခွာကြဦမယ်လို့သိရပါတယ်။

Leave a Comment

Your email address will not be published.