မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ဂန္ဓဝင်ကစားသမားဟောင်းဂယ်ရီနဗီးကမန်ချက်စတာအသင်းရဲ့အပြောင်းအရွှေ့ပေါ်လစီကိုဝေဖန်လိုက်တာပါ။အပြောင်းအရွှေ့ပိတ်သိမ်းကာနီးမှာရတာလုပ်လိုက်ရတဲ့သဘောနဲ့ ကာဗာနီကို ခေါ်ယူလိုက်တဲ့ပုံစံကဖယ်ကာအိုကိုခေါ်ယူလိုက်တုန်းကခံစားချက်နဲ့အတူတူခံစားနေရတဲ့လို့ယူနိုက်တတ်အသင်းရဲ့မအောင်မြင်ခဲ့တဲ့အပြောင်းအရွှေ့တခုနဲ့ချိန်ထိုးပြောကြားခဲ့တာပါ။

နဗီးကကျွန်တော်ကာဗာနီသတင်းကြားကြားခြင်းအလွန်အံ့ဩခဲ့ပါတယ်လွန်ခဲ့တဲ့၃လလောက်ကမန်ယူအသင်းကလမ်းကြောင်းမှန်ပေါ်မှာရှိနေတာပါရက်ဖိုစ့်ကလည်းတိုက်စစ်မှူးကောင်းတစ်ဦးဆိုတာကိုသက်သေပြပြီးပါပြီအသင်းကလည်းပရီးမီးယားလိဂ်မှာအဆင့်၃နဲ့ရပ်နိုင်ခဲ့ပြီးစီးတီးအသင်းနဲ့မဝေးတဲ့အနေထားမှာရောက်နေပါပြီ။

ကျွန်တော်ထင်တာက မှန်ကန်တဲ့ဝဝ်ယူမှုလေးခုလောက်ပြုလုပ်ပြီးအသင်းကို အပေါ်ကနှစ်သင်းနဲ့နီးနိုင်သမျှ သွားတော့မယ်ထင်ထားတာ ဗန်ဒါဘိတယောက်နဲ့ ရပ်နေပြီး ဖိအားတွေအလွန်များလာမှ ကာဗာနီကိုခေါ်ယူလိုက်တာက ဖယ်ကာအိုကို ဝယ်ယူတုန်းကအတိုင်းပါဘဲ။

ဖယ်ကာအို၊အီဗရာဟင်မိုဗစ်၊အီဂါလိုတဲ့ရဲ့ခေါ်ယူမှုတွေဟာသက်သေပါဘဲ၊ကာဗာနီဟာ လွန်ခဲ့တဲ့၅နှစ်လောက်ကကမ္ဘာအကောင်းဆုံးတိုက်စစ်မှူးပါဒီနေ့ဒီခြေစွမ်းတွေ ပရိးမီးယားလိဂ်ကိုယူဆောင်လာနိုင်မလားမိသပါဘူး။

သူ့ကိုဝယ်ယူဖို့အသင်းမှာဘယ်တုန်းကမှ အစီအစဉ်မရှိခဲ့သလို အခုလိုရောက်ရှိလာပြီဆိုတော့လည်း သူရဲ့ပေါက်ကွဲအားတွေကို စောင့်ကြည့်ရမှာပါ၊သူဟာအလွန်ကျိုးစားတဲ့ကစားသမားဆိုတာသံသယရှိစရာမလိုပါဘူး။အသင်းမှာရှိတဲ့တိုက်စစ်မှူးအားလုံးနဲ့ ကစားပုံမတူတဲ့ကစားသမားပါ။ပရီးမီးယားလိဂ်မှာကာဗာနီ အောင်မြင်ဖို့ ဆုတောင်းလိုက်ပါတယ်လို့ မန်ယူအသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီကိုဝေဖန်လိုက်ပါတယ်။

Leave a Comment

Your email address will not be published.