မန်ချက်စတာယူနိုက်တက်အသင်းအတွက် တစ်ကယ်တော့ ဗန်ဒါဗိဆိုတာ လိုအပ်နေတဲ့ လိုအပ်ချက်မဟုတ်ပဲ ဗန်ဒါဗိရဲ့ ကိုယ်စားလှယ်အနေနဲ့ ဘာမှဝင်မပြောပဲ ပါးစပ်ပိတ်ထားသင့်တယ်လို့ အီဗရာပြောကြားလိုက်ပါတယ်။ဗန်ဒါဗိဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ လူစားလဲအနေနဲ့သာ ဝင်ရောက်ကစားခဲ့ရတာနဲ့ပက်သက်ပြီး သူ့ အေးဂျင့်ဖြစ်သူက ဒေါသထွက်နေတာပါ။ အဲ့ဒီလိုဒေါသထွက်နေတဲ့ အေးဂျင့်ကို အီဗရာက “ဗန်ဒါဗိကိုအသင်းကတစ်ကယ်မလိုအပ်ဘူးဆိုတာပြနေတာ။ ခင်ဗျားအနေနဲ့ ပါးစပ်ပိတ်ထားသင့်တယ်”ဆိုပြီး တုံ့ပြန်ခဲ့တာပါ။

ဒတ်ချ်ကွင်းလယ်ကစားသမား အေဂျက်အသင်းက ဗန်ဒါဗိဟာနွေရာသီမှာ ပေါင်သန်း ၄၀နဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာတာဖြစ်ပြီး မန်ချက်စတကာယူနိုက်တက်စ်ပရိတ်သတ်တွေဟာ ပေါ့ဘာနဲ့ဘရူနိုဖာနန်ဒက်တို့နဲ့တွဲတွေ့ရမယ့် ဗန်ဒါဗိအတွက် စိတ်လှုပ်ရှားရင်ခုန်နေခဲ့ကြတာပါ။

ဗန်ဒါဗိဟာ တနဂင်နွေက ကန်ခဲ့တဲ့ စပါးအသင်းနဲ့ပွဲမှာစတင်ကစားခဲ့တာဖြစ်ပြီး ကလပ်အသင်းအနေနဲ့ ကွင်းလယ်ပိုင်းအတွက် တစ်ကယ်တမ်းတော့လိုအပ်နေတာမဟုတ်ဘူးလို့ အီဗရာကဆိုပါတယ်။

သူစိတ်ပျက်မိတာကို မန်ချက်စတာ ပရိသတ်တွေလည်းနားလည်လိမ့်မယ်လို့သူကပြောကြားခဲ့ပြီး ဗန်ဒါဗိပွဲထွက်ကစားခွင့်ကို မျှော်နေတဲ့ မန်ယူပရိတ်သတ်တွေကို သူ့အနေနဲ့နားလည်တယ်လို့ဆိုပါတယ်။ “ဒါပေမယ့် သူက ပေါ့ဘာနဲ့ယှဉ်နေတယ်လို့ တန်းညှိတာကိုတော့ ကျနော်လက်မခံနိုင်ဘူး”လို့သူကဆိုပါတယ်။

မန်ချက်စတာအနေနဲ့ ဗန်ဒါဗိကိုတစ်ကယ်ရော လိုအပ်လို့လား လို့သူကမေးခွန်းထုတ်ခဲ့ပြီး ဗန်ဒါဗိက ငါတို့အတွက် ပရိးမီးယားလိဂ်ကို အနိုင်ရအောင်ယူဆောင်ပေးမယ့်သူလားလို့လည်း အီဗရာကဆိုပါတယ်.

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Comment

Your email address will not be published.