မန်ယူအသင်းမှခေါ်ယူလိုက်တဲ့ဥရုကွေးတိုက်စစ်မှူးကာဗာနီဟာအသင်းနှင့်စာချုပ်မချုပ်ရသေးခင်အချိန်မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက်ဝင်ရောက်ကစားခွင့်တောင်းခဲ့တယ်လို့ မန်ချက်အသင်းတာဝန်ရှိသူတစ်ဦးက မန်ချက်စတာညနေခင်းသတင်းစာကိုပြောခဲ့ပါတယ်။မန်ယူအသင်းအနေနဲ့ကစာရွက်စာတမ်းကိစ္စတွေ အဆုံးမသတ်ရသေးလို့ အဆိုပါတောင်းဆိုမှုကိုခွင့်ပြုနိုင်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်။

ယင်းသတင်းထွက်ပေါ်လာပြီးနောက်မှာ ကာဗာနီကိုခေါ်ယူလို့ဝေဖန်မှုတွေဆက်တိုက်ကြုံနေရအသင်းတာဝန်ရှိသူတွေအတွက်ဝေဖန်သံတွေကနေ အနည်းငယ်ရုန်းထွက်နိုင်ခဲ့ပါတယ်။ကာဗာနီကိုခေါ်ယူမှုကြောင့်အသင်းကန္ဓဝင်ကစားသမားများအပါအဝင်အသင်းပရိတ်သတ်အချို့ကဖယ်ကာအိုကိုခေါ်ယူခဲ့စဉ်က အဖြစ်အပျက်နဲ့နှိုင်းယှဉ်ပြီးဝေဖန်နေကြတာပါ။

ကာဗာနီကတော့ အဆိုပါဝေဖန်သံတွေကြားမှာဘဲ အသင်းရဲ့ဂန္ဓဝင်ကျော်နံပါတ်ဖြစ်တဲ့ နံပါတ်၇ အင်္ကျီကိုဝတ်ဆင်ခွင့်အသင်းကိုတောင်းဆိုလိုက်ကြောင်းသိရပြီးကာဗာနီဟာယခင်ကစားဘူးတဲ့နာပိုလီအသင်းမှာလည်းကျော်န့ပါတ်၇ကိုဝတ်ဆင်သူဖြစ်ပါတယ်။မန်ယူအသင်းရဲ့ကျောနံပါတ်၇ဟာ နတ်ကြီးတယ်လို့ဆိုနေကြပြီးရော်နယ်ဒိုနောက်ပိုင်းအဆိုပါကျောနံပါတ်ကိုဝတ်ဆင်သူအားလုံးအောင်မြင်မှုနေဲ့ဝေးကွာခဲ့ရပါတယ်။ရော်နယ်ဒိုနောက်ပိုင်း အဆိုပါနံပါတ်ကိုအိုဝင်၊ ဗလင်စီယာ၊ဒီမာရီယာ၊ဒီပေး၊ဆန်းချက်တို့ဝတ်ဆင်ခဲ့ကြပြီး အားလုံးအောင်မြင်မှုမရရှိခဲ့ကြပါဘူး။

Leave a Comment

Your email address will not be published.