မန်ယူအသင်းရဲ့တတိယဂိုးသမားဖြစ်သူအာကျတီးနားဂိုးသမားရိုမဲရိုးဟာအသင်းမှ ထွက်ခွါခွင့်တောင်းထားပြီး အသင်းနည်းပြဆိုးရှားရဲ့သူ့အပေါ်မယုံကြည်မှုတွေကိုစိတ်ပျက်နေသူပါ။သူဟာပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ အသင်းကနေထွက်ခွါဖို့နီးစပ်နေခဲ့သလို့သူ့ကိုချိတ်ဆက်ခဲ့တဲ့အသင်းတွေလည်းအများအပြားရှိနေခဲ့ပါတယ်။

ထိုအထဲမှတန်းတတ်လိဒ်အသင်းဟာ မန်ယူအသင်းကတောင်းဆိုတဲ့ပြောင်းရွှေ့ကြေးကိုမပေးချေလိုတာကြောင့် အခြားအာကျင်တီးနားဂိုးသမားတစ်ဦးဖြစ်တဲ့ အာဆင်နယ်ဂိုးသမားမာတီးနတ်ကိုခေါ်ယူသွားသလိုအပြောင်းအရွှေ့နေက်ဆုံး၇က်မှာ ဆက်သွယ်လာတဲ့အဲဗာတန်အသင်းကိုလည်းမန်ယူအသင်းကဈေးနှုန်းညှိနှိုင်းမပေးတာကြောင့်အဲဗာတန်အသင်းဟာ အခြားဂိုးသမားတစ်ဦးကိုခေါ်ယူသွားပါတယ်

ဒီဖြစ်ရပ်တွေဖြစ်ပေါ်တာနဲ့ချက်ခြင်းဆိုသလိုဘဲ ရိုမဲရိုး၏ဇနီးဖြစ်သူအယ်လီနာက အင်စတာဂ၇မ်ကနေရိုမဲရိုးအနေနဲ့ သူ့ရဲ့အေးဂျင့်ကို အလုပ်ဖြုတ်လိုက်ဖိုြပြောလိုက်သလို ဈေးနှုးန်ညှိနှိုင်းခြင်းပင်မပြုလုပ်ပေးတဲ့မန်ယူအသင်းကို လည်း ရိုမဲရိုးကို မလေးစားတဲ့အသင်းအဖြစ်ရန်တွေ့လိုက်ပါတယ်အယ်လီနာက ရိုမဲရိုးဟာ မန်ယူနဲ့ဖလားလေးကြိရထားသလိုဆီမီးဖိုင်နယ်အရှုံးအားလုံးကလည်းသူမပါပါဘူး။

သူကစားခဲ့တဲ့ပွဲတွေမှာဖလားရခဲ့တာပါမန်ယူအနေနဲ့ သူ့အခွင့်အရေးအတွက်အသင်းကနေထွက်ခွင့်ပေးသင့်ပါတယ်။သူ့အပေါ်တကြိမ်လောက်တော့လေးစားမှုရှိသင့်ပါတယ်ဟုရေးသားခဲ့တာပါ။အယ်လီနာဟာအသက်၄၂နှစ်အရွယ်ရှိပြီးအာကျင်တီးနားအဖေါ်အချွတ်မော်ဒယ်ဟောင်းတစ်ဦးုဖြစ်ကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.