ပရီးမီးယားလိဂ်ပွဲစဉ်၂ပွဲရံှုးနိမ့်ထားပြီးဖိအားတွေရင်ဆိုင်နေ၇တဲ့မန်ယူနည်းပြဆိုးရှားဟာ ယမန်နေ့ညက အိုင်ဗရီကိုစ်အသင်းရဲ့ ပွဲစဉ်မှာနောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ အဲရစ်ဘိုင်ယီဒဏ်ရာရသွားလို့လူစားလဲလိုက်ရတဲ့သတင်းကြောင့် စိတ်ညစ်နေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။

ဘိုင်ယီကလည်းနိုင်ငံအသင်နဲ့ပွဲစဉ်တွေမှာ ဒဏ်ရာမကြာခဏရရှိတတ်ြင်္ပီးနောက်ဆုံးရရှိခဲ့တဲ့ဒဏ်ရာကလည်းအိုင်ဗရီကိုစ်အသင်းနဲ့ ဘယ်ဂျီယံအသင်းတို့ရဲ့ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာရရှိခဲ့တာပါ။အဆိုပါဒဏ်ရာကြောင့် မန်ယူအသင်းမှာ ကာလရှည်အနားယူခဲ့ရပြီး ပြန်လည်ကစားနိုင်တာနှစ်ပွဲသာရှိသေးပြီးအခုလိုဒဏ်ရာကြောင့်လူစားလဲလိုက်ရတဲ့ဆိုတဲ့သတင်းဟာနောက်တန်းပြသနာများနေတဲ့မန်ယူနည်းပြအတွက် တကယ့်ကိုအခြေနေဆိုးထဲတွန်းပို့လိုက်သလိုဖြစ်သွားစေမှာပါ

အခုတော့ဆိုးရှားရဲ့အပူတွေကိုအတန်ငယ် ငြိမ်းသတ်ပေးမယ့်သတင်းကိုGold.comမှသတင်းထောက် Charlotte Dunckerသယ်ဆောင်လာပါပြီသူမက တွစ်တာမှတဆင့် အဲရစ်ဘိုင်ယီက သူ့ကိုစိုးရိမ်နေကြသူတွေကိုကျေးဇူးတင်ပါတယ်။သူအခြေနေကောင်းပါတယ်နည်းနည်းပင်ပန်းနေတာဘဲရှိပါတယ်လို့ သူ့ရဲအခြေနေကိုပြန်ည်ရှင်းပြခဲ့ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်သုံးပွဲမှာ ပေးဂိုး၁၁ဂိုးထိရှိထားပြီးဗဟိုနောက်ခံလူလင်ဒီလော့နဲ့ မက်ဂွိုင်းယားတို့နှစ်ဦးလုံး အပြင်းအထန်ဝေဖန်ခံနေရတာကြောင့် လင်ဒီလော့ရဲ့နေရာကိုဘိုင်ယီနဲ့အစားထိုးကစားစေတာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.