အာဆင်နယ်အသင်းရဲ့ဗဟိုနောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ချန်ဘာဟာအသင်းနဲ့အတူလေ့ကျင့်ခန်းအပြည့်အဝပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်းအာဆင်နယ်အသင်းကသတင်းထုတ်ပြန်လိုက်ပါတယ်။အဆိုပါထုတ်ပြန်ချက်ကိုအာဆင်နယ်အသင်းအားပေးသူတွေကလည်းဝမ်းသာနေကြပြီးအသင်းရဲ့ဗဟိုခံစစ်မှူးကိုကြိုဆိုနေကြပါတယ်။

အသက်၂၅နှစ်အရွယ်အင်္ဂလန်နောက်ခံလူဟာ ပြီးခဲ့တဲ့ဒီဇင်္ဘာလက အင်းမရိတ်ကွင်းမှာချဲဆီယ်းကို၁-၂နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးအခုမှ အသင်းရဲ့လူစားရင်းကိုပြန်လည်ဝင်ရောက်နိုင်ခဲ့တာပါ။ချန်ဘာဟာနည်းပြအာတေးတားအာဆင်နယ်ကိုရောက်ရှိလာချိန်စပြီးအသင်းမှာပြန်လည်ထွန်းတောက်လာတဲ့ကစားသမားတစ်ဦးဖြစ်ပြီးခြေစွမ်းပြနေချိန်မှာဒဏ်ရာရခဲ့တာပါ။

အာဆင်နယ်အသင်းကတော့ ချန်ဘာပြန်လာပါပြီသူအသင်းနဲ့ပူးပေါင်းပြီးလေ့ကျင့်ခန်းအပြည့်အဝလုပ်နေပါပြီနိုင်ငံတကာပွဲစဉ်တွေပြီးလို့ပြန်စမယ့် ပရီးမီးယားပွဲစဉ်တွေမှာ သူ့ကိုအသင်းမှာပြန်မြင်ရတော့မှာပါလို့ထုတ်ပြန်ခဲ့သလိုချန်ဘာကတော့ ဒီနေ့ကကျွန်တော့်အတွက် မင်္ဂလာရှိတဲ့နေပါ့ကျွန်တော်ခံစားလို့ကောင်းပါတယ်မြက်ခင်းစိမ်းတွေကိုကျွန်တေ်ာလွမ်းနေတာအချိန်အတော်ကြာပါပြီလို့ပြောကြားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.