ပြီးခဲ့တဲ့ တနဂင်နွေက ကန်ခဲ့တဲ့ စပါးအသင်းနဲ့ပွဲနဲ့ပက်သက်ပြီး နည်းပြအပေါ်ဝေဖန်မှုတွေထွက်နေချိန်မှာ နည်းပြကြောင့်မဟုတ်ပဲ မန်အသင်းသားတွေရဲ့ အသုံးမကျမှုတွေကြောင့်သာဖြစ်ကြောင်း မန်ယူကကျက်သရေတုန်းတဲ့ကောင်တွေကြောင့် သာဖြစ်ပြီး မကြာခင် ဆိုလ်းရှားအလုပ်ပြုတ်ပီးအဆုံးသတ်သွားလိမ့်မယ်လို့ ရွိင်းကိန်းက ဒေါသတကြီး ပြောဆိုခဲ့ပါတယ်။

“စပါးစ်နဲ့ပွဲက ယူနိုက်တက်ကစားပုံကလက်ခံနိုင်စရာကိုမရှိပါဘူး။ကျွန်တော်တို့လည်း ဘောလုံးကစားခဲ့တာပါဘဲ။ကျွန်တော်တို့လည်း တချို့ပွဲတွေမှာကစားပုံမကောင်းခဲ့တာတွေရှိပါတယ်။

ဒါပေမဲ့ စပါးစ်နဲ့ပွဲမှာ ယူနိုက်တက်ကတချို့ကောင်တွေ အသင်းအင်္ကျီကိုဝတ်ဖို့ကိုမတန်တာပါ။အဲ့လိုကောင်တွေရင်ဘတ်ပေါ်အသင်းတံ ဆိပ်တပ်ထားရတာ ကျက်သရေတုန်းပါတယ်။အိုလေကတော့ အဲ့လိုကောင်တွေကြောင့်ဘဲ အလုပ်ပြုတ်ပြီး အဆုံးသတ်သွားလိမ့်မယ်လို့ ကျွန်တော်ကတော့ထင်တာဘဲ။”လို့ရွှိင်ကိန်းကမန်ယူအသင်းသားတွေကို ပြောဆိုခဲ့ပါတယ်။

မန်ယူရဲ့ လက်ရှိရာသီ ခြေစွမ်းပိုင်းနဲ့ပက်သက်ပြီး နည်းပြဆိုးလ်ရှားအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေရှိနေကြတာဖြစ်ပြီး ခုဆိုရင် ဆိုးလ်ရှားရဲ့ထိုင်ခုံဟာလှုပ်လာပြီလည်းဖြစ်ပါတယ်။

မန်ယူအသင်းဟာအရှက်ရဖွယ် စပါးကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ကစားသမားအသစ်တွေ ထပ်မံခေါ်ယူလာခဲ့သလို ဆိုးလ်ရှားနေရာကို အစားထိုးဖို့ အာဂျင်တီးနားနိုင်ငံသား စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူဖို့လုပ်နေတယ်လို့ Daily Mailမှာရေးသားထားပါတယ်။ လက်ရှိမန်ယူရဲ့ ခြေစွမ်းပိုင်းပြဿနာမှာ နည်းပြကိုဝေဖန်မှုတွေရှိနေပေမယ့် ဝါရင့်ဘောလုံးသမားဟောင်းကြီးတွေကတော့ ကစားသမားတွေရဲ့ အသုံးမကျမှုတွေကို သာ ပြတ်ပြတ်သားသားဝေဖန်နေကြပါတယ်.

Leave a Comment

Your email address will not be published.