ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကစားခဲ့သော ပရိးမီးယားလိဂ်ပွဲစဉ်မန်ယူ၁-၆စပါးပွဲတွင်မန်ယူတိုက်စစ်မှူးမာရှယ်အနီကဒ်ပြခံရသောဖြစ်ရပ်တွင်အသင်းခေါင်းဆောင်မပီသဟုဝေဖန်ခံနေ၇သောမန်ယူအသင်းခေါင်းဆောင်မက်ဂွိုင်းယားသည်ယင်းဖြစ်ရပ်ဖြစ်ပွားစဉ်အသင်းဖော်တိုက်စစ်မှူးရပ်ရှ်ဖိုစ့်နှင့်လည်းအငြင်းပွားခဲ့သေးကြောင်းသိရသည်။

ယင်းပွဲချိန်၏၂၈မိနစ်တွင်မာစီရဲယ်နှင့်စပါးကွင်းလယ်လူလာမယ်လာတို့အချင်းများခဲ့ပြီးတစ်ဦးနှင့်တစ်ဦးကိုယ်ထိလေက်ရောက်ကျူးလွန်ခဲ့ကြသည်။ယင်းဖြစ်ရပ်တွင်ကွင်းလယ်ဒိုင်အန်သိနီတေလာကမာစီရဲယ်ကိုတိုက်ရိုက်အနီကဒ်ပြခဲ့ပြီးလာမယ်လာကိုမူအဝါကဒ်သာပြသခဲ့သည်။

မာစီရယ်အနီကဒ်ပြခံရသကဲ့သို့လာမယ်လာလည်းအနီကဒ်ပြခံရသင့်ကြောင့်ရက်ရှ်ဖိုစ့်ကပြောကြားခဲ့ရာမက်ဂွိုင်းယားကလာမယ်လာ၏လုပ်ရပ်ကိုဒိုင်များကစစ်ဆေးပြီးဖြစ်ကြောင်း၎င်း၏လုပ်ရပ်မှာ အနီကဒ်ပြခံရနိုင်သည့်ကြမ်းတမ်းသည့် လုပ်ရပ်မဟုတ်ကြောင်းပြန်လည်ပြောကြာခြ့သည်ဟု Daily Mailသတင်းမှ၎င်းတို့ဝက်ဘ်ဆိုဒ်တွင်အဆိုပါဖြစ်ရပ်ကို စာတန်းထိုးပြီးပြသထားသည်။

ယင်းဖြစ်ရပါတွင်မာစီရယ်အနီကဒ်ပြသခံရချိန်၌မက်ဂွိုင်းယားမှာ အသင်းခေါင်းဆောင်ပီသစွာကာကွယ်မှုမပေးဘဲရပ်ကြည့်နေခြင်းကိုမန်ယူပရိတ်သတ်အချို့ကဒေါသထွက်ခဲ့ကြပြီးလူမှုကွန်ယက်တွင်ဝေဖန်အပြစ်တင်ခဲ့ကြသည်။

Leave a Comment

Your email address will not be published.