မန်ချက်စတာယူနိုက်တက်ကိုအားပေးနေတဲ့လူတွေဟာလွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက သတိထားမိခဲ့တာတစ်ခုရှိပါတယ်။ အဲ့ဒါက တော့ မန်ချက်စတာယူနိက်တာဟာ စီးရီးအေကလပ်တွေကို စွန့်ပစ်မြေပြင်တွေလိုအသုံးပြုနေခဲ့ခြင်းပါပဲ။အဲ့ဒီမှာအဓိကအကျိုးခံစားခွင့်ရသွားတာတဲ့ အင်တာမီလန်ကိုကြည့်မယ်ဆိုရင် လူကာကူ ဆန်းချတ် အက်ရှလီယန်းတို့လို့ တစ်ကယ့်ကိုကြယ်ပွင့်ကစားသမားတွေကို ပိုင်ဆိုင်သွားတာပါပဲ။

ပြီးခဲ့တဲ့အပတ်ကပဲ ရိုးမားကို ပြောင်းသွားတဲ့စမောလင်းက “အဝတ်လဲခန်းထဲမှာ အုပ်စုတွေကွဲနေတယ် အသင်းကစည်းလုံးမှုပြိုကွဲနေတယ်”လို့ပြောသွားခဲ့ပါ‌ေသေးတယ်။မန်ချက်စတာမှာ ၁၀နှစ်ကြာ ကစားခဲ့တဲ့ စမောလင်း ယူနိုက်တက်ကနေ ရိုးမားအသင်းကို အပြီးသတ်ပြောင်းရွှေ့ရန် နွေရာသီတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ရတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးရက် နောက်ဆုံးအချိန်မှာ စမောလင်းဟာ အီတလီစီးရီးအေ ကလပ်အသင်းဆီ ပေါင် ၁၈ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့ အတည်ပြုခဲ့ပြီးမှ စမောလင်းဟာ အကြီးအကျယ် စိတ်သက်သာရကြောင်းကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
“တစ်ကယ်ကို စိတ်သက်သာရခဲ့တာပါ။ အကြီးအကျယ်ကို စိတ်သက်သာရခဲ့တာဖြစ်ပါတယ်။ အားလုံးကလည်း ကျွန်တော် ပြန်လာချင်တာကို သိမယ်လို့ ထင်ပါတယ်။ အခုတော့ ပြန်သွားနိုင်ခဲ့ပါပြီ။ အပြောင်းအရွှေ့မပိတ်ခင် ရောက်နိုင်ခဲ့လို့ အရမ်းကို စိတ်လှုပ်ရှားပြီး စိတ်သက်သာရခဲ့မိပါတယ်။ အခုကျွန်တော့် မနက်ဖြန်မှာပဲ အသင်းနဲ့အတူ လေ့ကျင့်ရေးတွေပြန်လုပ်တေ့မှာပါ” လို့ စမောလင်းက ရိုးမားအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့တာဖြစ်ပါတယ်။အသင်းရဲ့အဝတ်လဲခန်းစည်းရုံးမှုကိုကောင်းကောင်းကိုင်တွယ်နိုင်ဖို့ နည်းပြဆိုးရှာလ်းက ကြိုးစားခဲ့ပေမယ့် သူကိုယ်တိုင်ရဲ့ အားနည်းချက်တွေချို့ယွင်းချက်တွေကြောင့် အသင်းရဲ့ အခြေအနေက ပိုပိုဆိုးလာခဲ့ပါတယ်။လက်ရှိယူနိက်တက်ရဲ့ အဝတ်လဲခန်းထဲမှာဖြစ်နေတာ သတင်းအတုအယောင်တွေတော့မဟုတ်ပါဘူး။

အီတလီဂျာနယ်လစ်တွေနဲ့စပိန်ကအားကစားသတင်းထောက်တွေ ဘောလုံးပွဲသုံးသပ်သူတွေဟာ ဒီကိစ္စကို ခနခနဝေဖန်နေခဲ့ကြပါတယ်။ အခုဆိုရင် ပေါ့ဘာဟာလည်း အသင်းကထွက်ခွာဖို့ နီးစပ်လာပြီဖြစ်ပြီး သူဟာအသင်းထက်သူ့အောင်မြင်မှုကိုပိုမိုဦးစားပေးတတ်သူလို့လည်းဝေဖန်ခံခဲ့ရပါတယ်။ယူနိက်တက်မှာမာရှယ်နဲ့ပေါ့ဘာတို့ဟာအသင်းဖော်တွေရဲ့ဝေဖန်မှုကိုခံခဲ့ရပါတယ်။

ဒါနဲ့ပက်သက်ပြီးလူကာကူပြောခဲ့တာက” ပေါ့ဘာနဲ့မာရှယ်က ကျွန်တော့်ကို စိတ်ဖိစီးမှုနဲ့ ရုန်းကန်မှုတွေအများကြီးပေးခဲ့တယ်။ လူတွေမသိတဲ့ ကန့်လာကာနောက်ကွယ်က အဝတ်လဲခန်းထဲမှာပေါ့”လို့ဆိုခဲ့ပါတယ်။

ဆန်းချက်စ်နဲ့ယန်းတို့ဆိုရင်လည်း အင်တာကို လက်မှတ်မထိုးခင်သူတို့ကိုပထမဆုံးဘယ်လိုခံစားရလဲမေးမြန်းသွားတဲ့အခါ”တစ်ကယ်ကောင်းတယ်၊ အုပ်စုဖွဲ့မှုတွေမရှိဘူး.အချိန်တွေတစ်ကယ်ကိုပြောင်းလဲသွားပါပြီလို့”ဆိုခဲ့ပါတယ်။ သူတို့တွေ အဝတ်လဲခန်းထဲမှာဘာတွေကြုံခဲ့ရလဲ ဘာတွေခံစားခဲ့ရလဲ တစ်ယောက်ပြီးတစ်ယောက်တက်လာတဲ့နည်းပြတွေရဲ့ ညံဖျင်းတဲ့အုပ်ချူပ်ရေးစည်းရုံးရေးစနစ်တွေကြားမှာ ဘယ်လောက်ငြီးငွေ့ခဲ့လဲဆိုတာ သူတို့အသိဆုံးဖြစ်မှာပါအင်္ဂလန်မှာ မန်ယူနဲ့ ဖာဂူဆန် တစ်ခောတ်ကို ထောင်ဖို့ နည်းပြကြီး ဖာဂူဆန်ဟာ ကန်တိုနာ ရွိုင်ကိန်း ဂယ်ရီနဗီးကို အသင်းကို ဦးဆောင်စေခဲ့ပါတယ်။ကန်တိုနာရဲ့ စိတ်ဓာတ်ပြင်းပြမှုကို မပြောချင်တော့ပေမယ့်ရွိုင်ကိန်း ဂယ်ရီနဗီးတို့ရဲ့ စိတ်ဓာတ်ပြင်းပြမှု အသင်းအပေါ် ပေးဆပ်ခဲ့မှုတွေကို သိမြင်ခဲ့ရတယ်။

ဒါဟာ ဖာဂူဆန် မန်ယူနည်းပြဘဝမှာ အဓိက အောင်မြင်ရခြင်းရဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ဖာဂူဆန် ခေတ်လွန် မန်ယူအသင်းက နည်းပြတွေ တစ်ယောက်ပြီတစ်ယောက် ပြောင်းရင်း အသင်းကတဖြေးဖြေးနဲ့ နိမ့်ပါးလာတော့တယ် ဒီကာလဟာမန်ယူပရိတ်သတ်တွေအတွက် မျ က်နှာငယ်ရတဲ့အချိန်ကာလဆိုတာတော့အသေအချာပါပဲ။ လက်ရှိမန်ချက်စတာနဲ့ပက်သက်လို့ အသင်းရဲ့ဆိုးရွားမှုတွေကို အဆုံးသတ်ဖို့နဲ့ ဒီထက်ပိုမဆိုးဝါးစေဖို့ ဆိုရင်ဘာတွေလိုအပ်နေလဲဆိုတာ စာဖတ်သူတို့ အမြင်ကိုလည်းပြောသွား ဝေဖန်သွားကြပါဦးခင်ဗျာ..

 

 

 

 

 

 

 

 

 

 

 

Leave a Comment

Your email address will not be published.