ပရီးမီးယားလိဂ်မှ တန်းဆင်းသွားရသော ဝက်ဖိုစ့်အသင်းတိုက်စစ်မှူး ဒန်နီဝဲဘက်ကို ခေါ်ယူမည့်အသင်းမရှိဖြစ်နေကြောင်းသိရသည်။ဝက်ဖိုစ့်အသင်းမှာ ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရသောကြောင့်လစာမြင့်မားသောဝဲဘက်ကိုစာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။နိုင်ငံတကာအပြောင်းအရွှေ့မှာ အောက်တိုဘာ၅ရက်နေ့ကပိတ်သိးခဲ့သော်လည်းအလွတ်ကစားသမားများနှင့် အင်္ဂလိပ်အောက်တန်းလိဂ်များမှကစားသမားများကို အောက်တိုဘာ၁၆ရက်နေ့ထိခေါ်ယူခွင့်ရှိနေကြောင့် ဝဲဘက်မှာ အသင်းသစ်ရရှိသွားဖွယ်တော့ရှိနေသည်။

မန်ယူလူငယ်အသင်းမှထွက်ပေါ်လာခဲ့သည့်ဝဲဘက်ခြေစွမ်းခြေစထက်မြတ်သော်လည်းဒဏ်ရာမကြာခဏရရျိမှုကြောင့် ထိပ်တန်းအဆင့်မှလျှင်မြန်စွာ ကျဆင်းခဲ့သောကစားသမားတစ်ဥိးဖြစ်ပြီဒဏ်ရာကြောင့်နားနေရသော့အချိန်မှာ ပွဲထွက်ကစားခွင့်ရရှိချိန်ထက်များစွာများစွားသာလွန်သောက်မှတ်တမ်းရှိနေသူဖြစ်သည်။

ဝဲဘက်ဟာမန်ယူအသင်းမှ ပြိုင်ဘက်အာဆင်နယ်အသင်း့သို၂၀၁၄ခုနှစ်က ပြောင်းရွှေ့ခဲ့ပြီးအာဆင်နယ်အသင်းမှာ ၅နှစ်ကြာကစားခဲ့ကာ၂၀၁၉ခုနှစ်မှာဝက်ဖိုစ့်အသင်းကိုပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။အာဆင်နယ်အသင်းမှာရှိစဉ်က အသင်းဟောင်းမန်ယူအသင်းနဲ့ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခဲ့ရင်အလွန်အကျွံအောင်ပွဲခံလေ့ရှိတာကြောင့် မန်ယူပရီတ်သတ်တွေရဲ့ အမုန်းကိုရရှိထားသူလည်းဖြစ်ပါတယ်။ဝဲဘက်ဟာပရီးမီးယားလိဂ်၂၂၄ပွဲကစား၄၄ဂိုးသွင်းယူကာ၂၇ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.