ချယ်လ်ဆီးအသင်းရဲ့ဂိုးသမားသစ်မန်ဒီဟာ လက်ရွေးစင်အသင်းဖြစ်တဲ့ ဆီနီဂေါအတွက်ကစားပေးဖို့သွားရောက်ခဲ့ရာမှာ လေ့ကျင့်ကွင်းမှာ ဒဏ်ရာရခဲ့လို့ ကလပ်အသင်းကို ပြန်ရောက်လာခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတကာပွဲစဉ်တွေအတွက် ဆီနီဂေါအသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတဲ့ မန်ဒီရဲ့ ဒဏ်ရာသတင်းဟာ လမ်းပတ်အတွက် စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ပြင်သစ်ကလပ် ရန်းနက်စ်ကနေ ချယ်လ်ဆီးကို ရောက်ရှိလာပြီး အဓိကဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရနေတဲ့ မန်ဒီဟာ လေ့ကျင့်ကွင်းမှာ ပေါင်ဒဏ်ရာရရှိခဲ့တာလို့ Goal.com က ဖော်ပြခဲဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဂိုးသမားဟာ ချယ်လ်ဆီးအတွက် လက်စွမ်းပြကစားပေးနေသူဖြစ်ပြီး ကီပါနဲ့ ကာဘယ်လာရိုတို့ကိုကျော်ကာ နံပါတ်တစ်ဂိုးသမားအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစပါတယ်။ 

ဒီအတွက်ကြောင့် ကီပါနဲ့ ကာဘယ်လာရိုတို့ လက်စွမ်းကို သဘောမကျဖြစ်နေတဲ့ လမ်းပတ်အတွက်တော့ ဂိုးသမားနေရာက ခေါင်းကိုက်စရာဖြစ်လာခဲ့ပါတယ်။ အဆိုပါဂိုးသမားနှစ်ဦးစလုံးဟာ ပုံမှန်လက်စွမ်းပြသနိုင်ခြင်းမရှိဘဲ အမှားကိုယ်စီကျူးလွန်နေခဲ့ကြလို့ မန်ဒီကို လမ်းပတ်က မရရအောင် ခေါ်ယူခဲ့တာဖြစ်ပြီး အခုအခါမှာ ဆောက်သမ်တန်နဲ့ကစားရမယ့်ပွဲကို မန်ဒီပါဝင်နိုင်ဖို့က မသေမချာဖြစ်လာခဲ့ပြီဖြစ်ပါတယ်ချယ်လ်ဆီးဆေးအဖွဲ့က မန်ဒီရဲ့ ဒဏ်ရာကို စစ်ဆေးကုသပေးနေပြီလို့သိရပြီး ဒဏ်ရာက အချိန်မီမသက်သာလာခဲ့ပါက ကီပါနဲ့ ကာဘယ်လာရိုတို့ကိုသာ လမ်းပတ်က အသုံးပြုရတော့မှာဖြစ်ပါတယ်။ မန်ဒီဟာ ချယ်လ်ဆီးအတွက် ၂ပွဲကစားပေးပြီးဖြစ်ကာ ပဲလေ့စ်နဲ့ပွဲမှာတော့ ပေးဂိုးမရှိပွဲကို ရရှိခဲ့ပြိး ကီပါ၊ ကာဘယ်လာရိုတို့ထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ကီပါကတော့ စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ပေါ်တူဂီနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပါဝင်ခဲ့ကာ ဂိုးမပေးရခဲ့ဘဲ အဆိုပါပွဲက ဂိုးမရှိသရေဖြစ်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဂိုးသမားဟာ ချယ်လ်ဆီးအတွက် လက်စွမ်းပြကစားပေးနေသူဖြစ်ပြီး ကီပါနဲ့ ကာဘယ်လာရိုတို့ကိုကျော်ကာ နံပါတ်တစ်ဂိုးသမားအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစပါတယ်။ 

Leave a Comment

Your email address will not be published.