အေဂျက်ဇ်၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်တို့နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ နယ်သာလန်ကွင်းလယ်လူဟောင်း ဆီးဒေါ့က သူ့ရဲ့ မှတ်တမ်းကို ရော်နယ်ဒို ယူလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆီးဒေါ့ဟာ မတူညီတဲ့ကလပ်အသင်းသုံးသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူဖူးတဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးထားပြီး ဂျူဗီနဲ့အတူ ရယူနိုင်ခဲ့ပါက ဆီးဒေါ့ရဲ့ မှတ်တမ်းကို လိုက်မီမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျူဗီကိုရောက်ရှိပြီး ၂ရာသီပြီးဆုံးခဲ့တဲ့အထိ ဆုဖလားရယူနိုင်ခြင်းမရှိသေးဘဲ ဒီရာသီမှာ ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုကတော့ ဆီးဒေါ့တစ်ယောက်တည်းသာရရှိထားတဲ့ မတူညီတဲ့ကလပ်အသင်း ၃ခုနဲ့ ချန်ပီယံလိဖလားကို အစွမ်းကုန်ရအောင်ယူမယ်လို့ Daily Mailကိုပြောကြားထားပါတယ်။ ဒိုလေးဟာ သူကြုံးဝါးထားတဲ့အတိုင်း ရအောင်လုပ်နိုင်စွမ်းရှိလို့ ဂျူဗီအတွက် နှစ်များစွာ မ၇ရှိခဲ့တော့တဲ့ဖလားကို ရနိုင်မလားဆိုတာကလည်း ရင်ခုန်စရာပဲဖြစ်ပါတယ်။

ဆီးဒေါ့က “ရော်နယ်ဒိုသာ ကျွန်တော့်မှတ်တမ်းနဲ့ တူညီခဲ့မယ်ဆိုရင် တကယ်ကိုတန်ဖိုးရှိလာမှာပါ၊ ကျွန်တော်တို့တွေ မတူညီကွဲပြားတဲ့ အခြားသူတွေအကြောင်းကို ပြောလို့အဆင်ပြေတယ်မို့လား၊ ပြီးတော့ ဆိုးရွားတဲ့အရာကို ပြောတာလည်းမဟုတ်ပါဘူး၊ စံချိန်မှတ်တမ်းတွေဆိုတာ တူညီဖို့နဲ့ ကျိုးပျက်ဖို့ပါ၊ ဂျူဗီက ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းပါ”

“ရော်နယ်ဒိုကလည်း သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုရော၊ စွမ်းဆောင်ရည်ကိုပါ ထိန်းသိမ်းနိုင်ခဲ့တဲ့သူပါ၊ ဒါကြောင့် သူတို့ ဘာလို့မလုပ်နိုင်ရမှာလဲ?” လို့ ဆီးဒေါ့က ပြောသွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းအများဆုံကစားသမားအဖြစ် ရပ်တည်နေသူလည်းဖြစ်ကာ ချန်ပီယံလိဂ်ဖလားကို ငါးကြိမ်တိုင်ရရှိထားသူဖြစ်ပါတယ်။

ဂျူဗီအနေနဲ့ ၁၉၉၆ ကစကာ ချန်ပီယံလိဂ်ဖလားကိုမရယူနိုင်ခဲ့တော့ာဖြစ်ပါတယ်။ ၂၀၁၅ နဲ့ ၂၀၁၇ တို့မှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပေမယ့် ရီးရဲလ်နဲ့ ဘာစီလိုနာတို့ကို ရှုံးနိမ့်ခဲ့လို့ ဆုဖလားနဲ့ ဝေးကွာခဲ့ရတာလည်းဖြစ်ပါတယ်။

 

Leave a Comment

Your email address will not be published.