ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ချဲယ်ဆီးအသင်းရဲ့ပထမဂိုးသမားနေရာမှာ လာမယ့်တပါတ်ဆောက်သင်တန်အသင်းနဲ့အဝေးကွင်းပွဲစဉ်မှာ ယခင်ပထမဂိုးသမားကီပါပွဲထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။ချဲယ်ဆီးအသင်းရဲ့နောက်ဆုံးပွဲစဉ်နှစ်ပွဲမှာ လက်စွမ်းပြထားတဲ့ဂိုးသမားမန်ဒီဟာသူ့ရဲနိုင်ငံလက်ရွေးစင်အသင်းရဲ့မော်ရကိုအသင်းနဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့်နှစ်ပါတ်ခန့်အနားယူရမှာဖြစ်ပါတယ်။

မန်ဒီဟာဒဏ်ရာ ရရခြင်းဆီနီဂေါမှချဲယ်ဆီးအသင်းဆီပြန်လာပြီးချဲယ်ဆီးအသင်းဆရာဝန်နဲ့ကုမှုခံယူခဲ့ပြီးသတင်းနှစ်ပါတ်ခန့်အနားယူရမှာဖြစ်တာကြောင့် လာမယ့်အဝေးကွင်းပွဲစဉ်မှာ နည်းပြလမ်းပက်ဟာ ကီပါနဲ့အသက်၃၉နှစ်အရွယ် ကာဗယ်လာရိုတို့ကိုဘဲရွေးချယ်ရတော့မှာပါ။

လမ်းပက်အနေနဲ့စပိန်အသင်းနဲ့လက်စွမ်းပြကစားထားတဲ့ ကီပါကိုရွေးချယ်သွားဖွယ်၇ှိနေပြီကီပါကလည်းစပိန်အသင်းနဲ့ပေါ်တူကီအသင်းတို့ရဲ့ဂိုးမရှိသရေကျခဲ့တဲ့ခြေစမ်းပွဲစဉ်မှာ ထိပ်တန်းအဆင့်လက်စွမ်းကိုပြန်ပြခဲ့သလို့ ပွဲပြီးအင်တာဗျူးမှာလည်းသူဟာစပိန်အသင်းမှာ ပြန်ကစားရပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရရှိခဲ့ပြီးစိတ်ဓါတ်ကြံ့ခိုင်မှုပြန်လည်ရရှိထားပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.