ကျိန်စာသင့်ကျောနံပါတ်ကို ဝတ်ဆင်မယ့် မန်ယူအသင်းကိုရောက်ရှိလာတာကို အလွန်ဂုဏ်ယူတယ်လို့ ပြောကြားခဲ့ပြီးမကြာခင်မှာပဲ သူ့ရဲ့အိမ်မှာ မန်ယူအသင်းအကျီကို ပထမဆုံးအနေနဲ့ ဝတ်ဆင်ပြခဲ့ပါတယ်။တစ်ပတ်ကို ပေါင် ၂၅၀,၀၀၀ ၀ န်းကျင်ရှိကန ဦး စာချုပ်ချုပ်နဲ့ အိုးထရက်ဖို့ကို ပြောင်းရွှေ့လာပြီဖြစ်တဲ့ ကာဗာနီဟာ ကျောနံပါတ် ၇ရဲ့ကျိန်စာဆိုးတွေကို ချေဖျက်ပစ်နိင်လိမ့်မယ်လို့ သူ့ကိုသူ ယုံကြည်မှု အပြည့်အဝရှိနေတာပါ၊။

အသက်၃၃နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ မန်ယူမှာအလွန်ကစားနေချင်နေပြီဖြစ်ကြောင်းနဲ့ အသင်းကို အကောင်းဆုံးအခြေအနေရောက်လာအောင် အစွမ်းကုန်ကြိုးစားသွားမယ်လို့ Daily Mailကိုပြောကြားခဲ့ပါတယ်။

မန်ယူရဲ့ကျောနံပါတ် ၇ဂျာစီကို ဟီးရိုးများဖြစ်ခဲ့တဲ့ ဂျော့ဘတ်စ်ကန်တိုနာ၊ ဒေးဗစ်ဗက်ခမ်းနဲ့ စီရိုနယ်ဒိုတို့ဝတ်ဆင်ခဲ့ဖူးပြီး အခုနှစ်နောင်းပိုင်းတွေမှာတော့ ဒီမာရီယာ၊ ဒီပိုင်းနဲ့ဆန်းဂျက်စ်တို့ဝတ်ဆင်ခဲ့ပေမယ့် ကျိန်စာသင့်သလို ခြေစွမ်းမပြနိုင်တဲ့အပြင် အသင်းပြောင်းရတဲ့ သာဓကတွေလည်းရှိခဲ့ပါတယ်။

မန်ယူပရိသတ်တွေဟာ သူတို့တုန်းကလည်း အရင်ဟီးရိုးတွေလို ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်မျှော်လင့်ခဲ့ပေမယ့် အချည်းနှီးသာဖြစ်ခဲ့ပြီး အာဆင်နယ်မှာ အကောင်းဆုံးကစားခဲ့တဲ့ ဆန်းချက်တောင် မန်ယူကိုစွန့်ခွာခဲ့ရပါတယ်။

အခုရောက်လာတဲ့ ကာဗာနီကိုလည်း မန်ယူပရိတ်တွေဟာ စိုးရိမ်တကြီးစောင့်ကြည့်နေမှာဖြစ်ပြီး သူ့ပရိတ်သတ်တွေကလည်း ဒီကျိန်စာဆိုးကို ချေဖျက်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ကာဗာနီဟာ ပရိုကစားသမားဘဝ ၅၈၆ပွဲကစားထားပြီး ၃၅၃ဂိုးသွင်းယူထားသူပါ။ ပီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလည်း ပီးအက်စ်ဂျီနဲ့ ၂၂ပွဲကစားခဲ့ရာမှာ ၇ဂိုးသွင်းယူထားခဲ့ကြောင်းသိရပါတယ်။

 

 

 

 

 

Leave a Comment

Your email address will not be published.