စပိန်နာမည်ကြီးအားကစားသင်းစာတစ်ခုဖြစ်တဲ့AS sportသတင်းစာကရီးရဲယ်အသင်းရဲ့ကစားသမားခေါ်ယူမယ့်အစီအစဉ်မှာ ပေါ့ဘာပါဝင်ခြင်းမရှိတော့ကြောင်းရီးရဲယ်တာဝန်ရှိသူတွေဘက်ကနေသတင်းရရှိတယ်လို့ဆိုပါတယ်။ရီးရဲယ်အသင်းဟာ ပေါ့ဘာထက်PSGအသင်းမှ ပြင်သစ်တိုက်စစ်မှူးဘာပေကိုသာ လာမယ့်ဘောလုံးရာသီမှာခေါ်ယူမှာဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကပြောကြားတယ်လို့ဆိုပါတယ်။

မန်ယူကွင်းလယ်ကစာသမားပေါ့ဘာက ပြင်သစ်အသင်းမှာကစားစဉ်မီဒီယာများက သူနဲ့အရင်သတင်းကြီးဘူးတဲ့ရီးရဲယ်အသင်းနဲ့ပါတ်သတ်ပြီးမေးမြန်းစဉ်ကစားသမားတိုင်းရဲ့အိပ်မက်က ရီးရဲယ်အသင်းဖြစ်ပြီးသူလည်းတနေ့နေ့မှာ ရီးရဲယ်အသင်းအတွက်ကစားပေးမယ်လို့ဖြေကြားကာ မန်ယူပရိတ်သတ်တွေရဲ့ဒေါသကို တလုံးတဝရရှိနေချိန်မှာစပိန်သတင်းစာရဲ့အခုလို့ဖေါ်ပြချက်ဟာပေါ့ဘာအတွက်တော့ မျက်နှာငယ်စရာဖြစ်ခဲ့ရပါပြီ။

ရီးရဲယ်အသင်းဟာ ပေါ့ဘာအတွက်မန်ယူအသင်းတောင်းဆိုမယ့်ပေါင်သန်း၁၀၀ပမာဏကိုပေးချေလိုခြင်းမရှိသလိုမြင့်မားတဲ့လစာငွေလည်းပေးချေလိုခြင်းမရှိကြောင်းဆိုပါတယ်။ပေါ့ဘာအနေနဲ့ မန်ယူအသင်းကနေအလွတ်ထွက်ခွါခွင့်ရရှိခဲ့ရင်တောင် အသက်၂၇နှစ်အရွယ်ကစားသမားအတွက် အခုထက်ပိုများတဲ့လစာငွေရရှိဖို့ အခွင့်အရေးသိပ်မရှိနိုင်ကြောင်းASကသုံးသပ်ပါတယ်။

ရီးရဲယ်အသင်းရဲ့အနာဂတ်အစီအစဉ်ဟာသိပ်ရှင်းလင်းကြောင်း ASသတင်းမှာအဆိုပါတာဝန်ရှိသူက ပြောကြားထားပါတယ်။ဘာပေဟာရီးရဲယ်အသင်းရဲ့ထိပ်တန်းပစ်မှတ်ဖြစ်ပြီးစီရော်နယ်ဒိုနေရာကို တိုက်ရိုက်အစားထိုးမှုဖြစ်ကာ လူကာမိုဒရစ်နေရာကို ပေါ့ဘာအတွက်စဉ်းစားခဲ့ပေမယ့်ယခုအခါရန်းနက်အသင်းကအသက်၁၇နှစ်အရွယ်ထိပ်တန်းခြေစွမ်းပြနေတဲ့ကွင်းလယ်ကစားသမားလေးအဒူရာဒိုကန်မန်ဗီဂါ ကိုအနီးကပ်စောင့်ကြည့်နေပြီး၂၀၂၂မှာစာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘန်ဇီးမားနေရာကိုတော့ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း ကိုအစားထိုးဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။

Leave a Comment

Your email address will not be published.