မန်ယူအသင်း၏အသက်၂၂အရွယ်ညာနောက်ခံကစားသမားဝမ်ဘက်စကာဟာယှဉ်ပြိုင်မှုများလွန်းလှတဲ့သူ့ရဲ့အင်္ဂလိပ်လက်ရွေးစင်ညာနောက်ခံကစားသမားအိပ်မက်ကို ဒီကနေ့စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း သင်္ကေတတခုကိုအင်စတာဂရမ်မှာ ဖေါ်ပြလိုက်ပါတယ်။

အဆိုပါသင်္ကေတကတော့ သူရဲ့နိုင်ငံသားဖြစ်ခွင့်ရွေးချယ်မှုမှာ မူလကအင်္ဂလန်နိုင်ငံအလံကို တင်ထားရာမှယခုအခါဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံအလံကိုပြောင်းလဲလိုက်တာဖြစ်ပါတယ်။အလွန်လျှင်မြန်လှတဲ့ အင်္ဂလိပ်မီဒီယာတွေကလည်းအဆိုပါအပြောင်းအလဲကိုချက်ခြင်းသတိထားမိခဲ့ပြီး သတင်းအဖြစ်ပြန်လည်ဖေါ်ပြနေကြပါတယ်။

ဘက်ဆာကာဟာ အင်္ဂလန်နဲ့ကွန်ဂိုလူငယ်လက်ရွေးစင်အသင်းများမှာ ကစားခဲ့ဘူးပြီးလက်ရွေးစင်အဖြစ်ကစားရခြင်းမရှိသေးတာကြောင့် နှစ်နိုင်ငံလုံးကို ကိုယ်စားပြုခွင့်၇ှိနေသေးတာဖြစ်ပါတယ်။ဘက်ဆာကာကိုယ်ဆိုင်ကလည်းလူငယ်အသင်းအဆင့်ဆင့်မှာ ကစားဘူးတဲ့အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့မျှော်လင့်ပေမယ့် နည်းပြဆောက်ဂိတ်ရဲ့ဖုန်းကတော့ရောက်မလာခဲ့တာကြောင့် အခုလို့နိုင်င့ံ့လက်ရွေးစင်အဖြစ်ကစားနိုင်မယ့် ကွန်ဂိုနိုင်ငံကိုပြောင်းလဲရွေးချယ်လိုက်တာပါ။

ဘစ်ဆာကာဟာအင်္ဂလန်အသင်းညာနောက်ခံကစားသမားတွေဖြစ်တဲ့ကိုင်လီဝေါကာ၊ရီးစီဂျိမ်း၊အလက်ဆန်းဒါးအာနိုး၊ထရစ်ပီယာစတဲ့ထိပ်တန်းကစားသမားတွေစုပုံနေတာကြောင့် ခြေစွမ်းထက်မြတ်ပေမယ့်အရွေးချယ်မခံရတာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.