အာဆင်နယ်အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျက်ဝီရှီးယားဟာသူ့ကို ဝက်ဟမ်းအသင်းမှစာချုပ်ဖျက်သိမ်းပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူတစ်ဦးဖြစ်ပါတယ်။သူဟာအခုမှာတော့အသင်းဖေါ်ဟောင်းနည်းပြလုပ်နေတဲ့ သူ့ရဲ့အသင်းဟောင်းအာဆင်နယ်အသင်းမှာလေ့ကျင့်ခွင့်တောင်းထားကြောင်းသိရပါတယ်။အဲ့လိုအချိန်မှာဘဲ ဝီၤရှိယားကGold.comနဲ့အင်တာဗျူးမှာ သူနဲ့နည်းပြဟောင်းဝင်းဂါးရဲ့ထူးခြားတဲ့ဆက်ဆံရေးတွေကို ပြောပြခဲ့ပါတယ်။

ဝီရှိးယားက ဝင်းဂါကျွန်တော်အတွက် ဖခင်တယောက်လိုပါဘဲအဖေလို့တော့မပြောချင်ပါဘူးကျွန်တော့်အဖေအရင်းကဒေါသထွက်မှာစိုးလို့ပါ။ဒါပေမယ့်သူကဖခင်လိုပါဘဲ၊ဝက်ဟမ်းမှာကစားနေတုန်းကလည်း ကျွန်တော်အမြဲဖုန်းဆက်ပြီးသူ့ရဲ့အကြံညဏ်တွေကိုအမြဲယူနေပါတယ်။အခုလည်း အာတေးစီမှာ လေ့ကျင့်ခွင့်ပြုဖို့တောင်းဆိုမှုတခုလုပ်ထားသလို ကမ်းလှမ်းနေတဲ့တခြားအသင်းတွေလည်းရှိနေပါတယ်။အာဆင်းနဲ့တိုင်ပင်ပြီးချို့ဆုံးဖြတ်ချက်တေါချဖြစ်လိမ့်မယ်ထင်ပါတယ်။

ကျွန်တော်ရဲ့လူငယ်ဘဝထဲက အာဆင်းရဲ့လမ်းညွှန်ချက်အတိုင်းနေထိုင်ခဲ့တာပါအာတေးရဲ့မြေတောင်မြှောက်ပေးမှုနဲ့ ကမ္ဘာအဆင့်ပါတွေမှာ ပါဝင်ခွင့်ရခဲ့ပြီးအင်္ဂလန်လက်ရွေးစင်ဖြစ်ခဲ့တာပါကျွန်တော်ရဲ့ခြေကျင်းဝတ်ဒဏ်ရာကကျွန်တော့်ဘဝကိုဆွဲချခဲ့ ပြီးနောက်တဆင့်ကိုတတ်လှမ်းဖို့ဝေးခဲ့ရတာပါ။အင်္ဂလန်အတွက်ကျွန်တော်တပွဲထဲနှစ်ဂိုးသွင်းခဲ့ပြီးနောက်တပါတ်မှာဘဲဒဏ်ရာရခဲ့ကာ အဲ့ဒိရာသီမှာ အာဆင်နယ်အတွက် နှစ်ပွဲသာကစားနိုင်ခဲ့ပါတယ်။

ကျွန်တော်လေ့ကျင့်ချင်ပါတယ် အကောင်းဆုံးပြန်လာနိုင်ဖို့ လုပ်ဆောင်ချင်ပါတယ်လို့ဖြေကြားခဲ့သလို ဒဏ်ရာနှိပ်စက်လွန်းတဲ့ဝီရှီးယားဟာ အာဆင်နယ်အသင်းကနေဝက်ဟမ်းအသင်းကိုလွန်ခဲ့တဲ့နှစ်နှစ်ကပြောင်းရွှေ့ခဲ့သလိုဝက်ဟမ်းအသင်းမှာလည်း၂၂ပွဲသာကစားခဲ့ရကာဒဏ်ရာများနဲ့သာအချိန်ကုန်ခဲ့ရကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.