အာဆင်နယ်အသင်းရဲ့ပြင်သစ်လူငယ်နောက်ခံကစားသမားသစ်လေးဝီလီယံဆာလီဘာဟာ သူ့ကိုအငှားချမယ့်အစီအစဉ်ကို သဘောမတူလို့Gold.comသတင်းအရသိရပါတယ်။ဆာလီဘာဟာအပြောင်းအရွှေ့မပိတ်သိမ်းခင်က မိခင်ကလပ်စိန့်အက်စတီယန်ကိုအငှားစာချုပ်နဲ့ပြန်ဖို့စီစဉ်ခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့တောင်းဆိုမှုကို တဖက်အသင်းကမလိုက်နာနိုင်တဲ့အတွက်အငှားကိစ္စပျက်ခဲ့ရတာပါ။

အာဆင်နယ်နည်းပြအာတေးတားက ဆာလီဘာ၇ြ့ကစားပုံဟာပရီးမီးယားလိဂ်နဲံအသားကျဖို့အချိန်လိုနေသေးကြောင်းပြောဆိုထားပြီး ကစားသမားလေးကို လိဂ်ချန်ပီယံရှစ်အသင်းတသင်းမှာ အငှားကစားစေဖို့ ဆုံးဖြတ်ထားပါတယ်။ဆာလီဘာကတော့ အောက်တန်းလိဂ်ကိုအငှားသွားလိုခြင်းမရှိကြောင်းသိရပေမယ့် အာဆင်နယ်ရဲ့ယူရိုပါလိဂ်လူစားရင်းမှာချန်ထားခြင်းခံရတဲ့ဆာလီဘာဟာ အသင်းကနေအငှားနဲ့ထွက်ခွာရဖို့ကတော့သေချာသလောက်ရှိနေပါပြီ။

ဆာလီဘာရဲ့ကြံ့ခိုင်မှုအနေထားကလည်းစိုးရိမ်စရာရှိနေပြီး ပြီးခဲ့တဲ့ဘောလုံးရာသီပြင်သစ်လိဂ်မှာ ၁၂ပွဲသာကစားခွင့်ရရှိခဲ့ပါတယ်။အဆိုပါအချက်ကြောင့်အာဆင်နယ်အသင်းဟာ ဆာလီဘာကိုပြင်သစ်လိဂ်ကို ပြန်မလွှတ်ချင်တော့တာပါ။အာဆင်နယ်အသင်းဟာ စိန့်အက်စတီယန်အသင်းဟာ သူတို့ရောင်းချထားပြီးသားကစားသမားကို လုံလောက်တဲ့ပွဲထွက်ကစားခွင့်မပေးခဲ့ဘူးလို့အာဆင်နယ် အသင်းတာဝန်ရှိသူတွေက ထင်မြင်နေကြောင်လည်းသိရပါတယ်။

အဆိုပါပြသနာဟာ ဆာလီဘာကိုဝယ်ယူချိန်ကမပြတ်သားခဲ့မှုကနေစတင်ခဲ့တဲ့ပြသနာဖြစ်ပြီးအာဆင်နယ်အသင်းဟာဈေးကွက်ပေါက်ဈေးထက်လျှော့နည်းတဲ့ပေါင်၂၂သန်းနဲ့ရရှိဖို့ဆာလီဘာကိုအပြတ်မခေါ်ယ.ူခဲ့ဘဲ မိခင်အသင်းမှာဘဲရာသီကုန်အထိကစားခိုင်းရာမှာ ဆာလီဘာဟာ တရာသီးလုံးမှ ၁၂ပွဲသာကစားခွင့်ရရှိခဲ့ပြီးယ့ုကြည်မှု့ကျဆင်တဲ့ပြသနာနဲ့ပါကြုံတွေ့လာခဲ့ရတာပါ။

Leave a Comment

Your email address will not be published.