လီပါပူလ်းအသင်းဟာ ဘရာဇီးကလပ်ဖလူမီးနစ်အသင်းမှလူငယ်ဂိုးသမားလေးဆာ်လိုပါတီလူဂါကိုပေါင်၁.၈သန်းနဲ့ခေါ်ယူလိုက်ကြောင်းသိရပါတယ်အဆိုပါအသက်၁၇နှစ်အရွယ်ကစားသမားလေးဟာ လီပါပူလ်းအသင်းမှနံပါတ်တစ်ဂိုးသမားအယ်လ်ီဆင်ရဲ့ညီဖြစ်ကြောင်းလည်းသိရပါတယ်။

အဆိုပါဂိုးသမားလေးကိုခေါ်ယူဖို့အယ်လီဆင်ကလည်းတောင်းဆိုမှုရှိခဲ့သလို ပြီးခဲ့တဲ့နှစ်ဆက်တင်ဘာလက ဘရာဇီးယူ၁၇နှစ်အသင်းနဲ့ကမ္ဘာချိန်ပီဝံဖြစ်ခဲ့တဲ့အသင်းရဲ့ဂိုးသမားလေးကိုထိုအချိန်ထဲကလီပါပူလ်းနည်းပြ ကလော့ကစောင့်ကြည့်ဖို့သူ့ရဲ့ကင်းထောက်တွေကို ပြောကြားထားတာဖြစ်ကြောင်းသိရပါတယ်။

အယ်လီဆင်နဲ့ပါတ်သတ်ပြီးဖလူမီးနစ်အသင်းနဲ့ လီပါပူလ်းအသင်းတို့ဟာအနည်းငယ်ပြသနာရှိနေပြီးကစားသမားလေးကို ဘရာဇီးအသင်းမှာပါဝင်ခွင့်ရဖို့အစ်ကိုဖြစ်သူက ဖလူမီးနစ်အသင်းကိုဖိအားပေးမှုအချို့လုပ်ခဲ့ပြီး ပထမလူစားရင်းအတွင်းထည့်သွင်းစေကာ ဘရာဇီးယူ-၁၇အသင်းမှာရွေးချယ်ခံရအောင်ဖိအားပေးမှုအချို့၇ှိခဲ့တာ်လို့ဘရာဇီးမှာ အသံတွေထွက်ခဲ့သလိုအခုလီပါပူလ်းအသင်းကိုခေါ်ယူရာမှာလည်းအစ်ကိုဖြစ်သူရဲ့ဖိအားတွေကြောင့်ဖလူမီးနိအနေနဲ့ပြောင်းရွှေ့ခွင့်ပေးခဲ့ရတယ်လို့ဆိုပါတယ်။

လီပါပူးအသင်းရဲ့ဂိုးသမားနည်းပြအကြီးအကဲ ဂျွန်အာထရာကတော့ကျွန်တော်အလီကိုပြောထားတယ်သူ့ညီဒီမှာဘယ်လိုနေတယဘာတွေလုပ်နေတယ်။အလီကလည်းသူ့ညီကိုဒီမှာလေ့ကျင့်စေချင်တယ်ဘရာဇီးမှာထက်ဒိမှာဆိုရင်ပိုပြီးလူသိများလာနိုင်တယ်လေဟုဆိုပါတယ်။

Leave a Comment

Your email address will not be published.