မန်ယူအသင်းရဲ့ဂန္ဓဝင်ကစားတွေဖြစ်တဲ့ ရိုင်ကိန်း၊ပေါစခိုလ်းနဲ့ဂယ်ရီနဗီးတို့ဟာပြီးခဲ့တဲ့စနေနေ့က အင်္ဂလိပ်လိဂ်တူးပွဲစဉ်ဖြစ်တဲ့ဆဲလ်ဖိုစ့်အသင်းနဲ့ တာမရိမ်းအသင်းတို့ရဲ့ပွဲစဉ်ကို ဆဲလ်ဖိုစ့်အသင်းရဲ့အိမ်ကွင်းပါနီဆူလာကွင်းမှာသွားရောက်ကြည့်ရှုခဲ့တဲ့ဓါတ်ပုံတွေပေါ်ထွက်လာပါတယ်။

ဗြိတိန်ရဲ့ ကိုရိုနာဗိုင်းရပ်စည်းမျဉ်းကို ချိုးဖောက်ပြီးကွင်းအတွင်းသွားကြည့်တဲ့ မန်ယူဂန္ဓဝင်သုံးယောက်မှာ ပေါစခိုလ်းနဲ့ ဂယ်ရီနဗီးဟာ maskတတ်ထားခြင်းမရှိသလို တစ်ဦးနဲ့တစ်ဦးနီးကပ်စွာ ထိုင်နေလို့ပိုမိုဝေဖန်ခံနေရပြီး အသင်းခေါင်းဆောင်ဟောင်းကြီးကိန်းကတော့ တစ်ဦးထဲသီးခြားထိုင်နေပေမယ့် Maskတတ်တားခြင်းမရှိတာကိုလည်းထောက်ပြခံနေရပါတယ်။

ဘောလုံးဝေဖန်သူအလုပ်ကို လုပ်နေကြတဲ့ ဂန္ဓဝင်ကစားသမားကြီးတွေဟာ ကစားပုံမကောင်းတဲ့အသင်းတွေ ကစားသမားတွေအားမနာတမ်းဝေဖန်တတ်သလို သူတို့အလှည့်မှာ လည်းအတော်ဝေဖန်မှုတွေကိုကြုံတွေနေရကြောင်းThe Sun သတင်းအရသိရပါတယ်။

သူတို့သွားရောက်အားပေးတဲ့ ဆဲလ်ဖိုစ့်အသင်းဟာ ၂ဂိုးဂိုးမရှိနဲ့ပွဲအစပိုင်းမှာဦးဆောင်ထားနိုင်ပေမယ့်ပွဲပြီးကာနီးနောက်ဆုံးမိနစ်မှာချေပဂိုးနှစ်ဂိုးဆက်တိုက်ပေးခဲ့ရပြီး၂ဂိုးစီသရေကျသွားတဲ့အတွက်အားပေးရကျိုးလည်းမနပ်ဖြစ်ခဲ့ရကြောင်းသိ၇ပါတယ်။ဆဲလ်ဖိုစ့်အသင်းမှာ မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ ဝီဆင်နဲ့
ဂစ်ဆင်တို့ပါဝင်ကစားနေကြပါတယ်။

Leave a Comment

Your email address will not be published.