မန်ယူအသင်းဟာ စပါးအသင်းကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ရဲ့နောက်ဆက်တွဲဂရက်တွေဟာခုချိန်ထိ
ပြီးဆုံးခြင်းမရှိသေးဘဲအဆိုပါပွဲစဉ်ပထမပိုင်းအပြီးမှာ လူစားလဲခြင်းခံခဲ့ရတဲ့ ကွင်းလယ်ကစားသမားဖာနန်ဒက်
ရဲ့အဆိုပါပွဲစဉ်ပထမပိုင်းအပြီး အဝတ်လဲခန်းထဲကပေါက်ကွဲသံစဉ်တွေဟာ ပျံ့နှံ့လို့လာပြန်ပါတယ်။

ဖာနန်ဒက်ဟာအဆိုပါပွဲစဉ်ပထမပိုင်းအပြီးအဝတ်လဲခန်းအတွင်းမှာ နည်းပြဆိုးရှားကို သူ့နည်းစနစ်ပိုင်းနဲ့ပါတ်သတ်ပြီးမေးခွန်းထုတ်ခဲ့သလိုမှားယွင်းတဲ့နည်းစနစ်တွေကြောင့် အသင်းဟာ မီးလောင်ပြာကျသလိုဖြစ်နေကြောင်း ပြောဆိုခဲ့ပြီးအသင်းသားတွေကိုလည်းတွန်းအားမပေးနိုင်ကြောင်းပြောဆိုခဲ့တယ်လို့ မန်ယူအသင်းရဲ့အတွင်းလူတစ်ဦးကMetro Sportကိုပြောခဲ့ပါတယ်။

အဆိုပါပုဂ္ဂိုလ်မှ ယင်းနေ့မြင်ကွင်းကို ပြောပြခဲ့ရာမှာ ပထမပိုင်းအပြီးမှာ ဖာနန်ဒက်ကခေါင်းကိုအောက်ငုံ့ထားပြီးဥမင်အတိုင်းလျှောက်လာပါတယ်သူ့မျက်နှာကကတော့ အလွန်တင်းမာနေပြီးဒေါသအလွန်အကျွံထွက်နေတာသိသာလွန်းပါတယ်။နော်ကအဝတ်လဲခန်းထဲမှာ အသင်းနည်းပြတွေကစားဖေါ်တွေကို မေးခွန်းတွေဆက်တိုက်ထုတ်နေတော့တာဘဲ။

ဖာနန်ဒက်ကသူ့မန်ယူအသင်းဖေါ်တွေကို မန်ယူရဲ့ဂုဏ်သိင်္ခါအတွက်တိုက်ပွဲဝင်လိုခြင်းမရှိသူတွေလို့လည်းပြောဆိုနေခဲ့တယ်လို့လည်းပြန်လည်ပြောကြားခဲ့ပါတယ်ဒေါသပေါက်ကွဲနေတဲ့ဖာနန်ဒက်ကို ပထမပိုင်းအပြီးမှာဘဲလူစားလဲခဲ့ပြီး မန်ယူအသင်းကလည်းအဆိုပါပွဲအပြီးမှာ ၁-၆ရလာဒ်နဲ့အရှုံးကြီးရှုံးခဲ့ရပါတယ်။

Leave a Comment

Your email address will not be published.