မန်ယူအသင်းဟာ နှစ်ပေါင်း ၉၀ အတွင်း အဆိုးရွားဆုံးခံစစ်အနေအထားနဲ့ ရင်ဆိုင်နေရ ပါတယ်။ နောက်တန်းအတွက် စုစုပေါင်းတန်ကြေးဟာ ပေါင် သန်း ၂၀၀ ကျော် အသုံးပြုထားပေမယ့် မန်ယူအသင်းရဲ့အနေအထားက ပေးဂိုးတွေဆက်တိုက်ပေးနေရပြီး အရှက်ရစရာပုံစံဖြစ် နေတယ်။ အထူးသဖြင့် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာသာ မန်ယူရဲ့အနေအထားက အ ဆိုးဆုံးပုံစံဖြစ်နေတာပါ။

တစ်ချိန်က အကောင်းဆုံးဂိုးသမားတစ်ဦးဖြစ်ခဲ့တဲ့ ဒီဂီယာဟာ နောက်ဆုံးပင်နယ်တီ ၁၈ ကြိမ်စလုံးမှာ တစ်ကြိမ်မှ မကာကွယ်နိုင်ခဲ့ပါဘူး။ မက်ဂွီရီ(ပေါင်သန်း ၈၀)၊ လင်ဒီလော့ဖ်(ပေါင်သန်း ၃၀)၊ ဘစ်ဆာကာ(ပေါင်သန်း ၅၀)၊ လုခ်ရှော(ပေါင် ၃၁.၅သန်း)၊ ဒီဂီယာ(ပေါင် ၁၈ သန်း) အားလုံးပေါင်းလိုက်ရင် နောက် တန်းအတွက် ပေါင်သန်း ၂၀၀ကျော် သုံးစွဲခဲ့ပြီး အဆင်မပြေခဲ့တာကို တွေ့ရမှာပါ

ရာသီအစ ဖြစ်နိုင်ခြေရှိတဲ့ ၉ မှတ်နေရာမှာ ၃ မှတ်သာရယူ ထားနိုင်ပြီး စပါးနဲ့ရှုံးပွဲအပြီးမှာ အသင်းကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေဘက်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာပါ။ ပဲလေ့စ်နဲ့ စပါးတို့ကို အိမ်ကွင်းမှာ ဆက်တိုက်ရှုံး သွားခဲ့ပြီး ဘရိုက်တန်ကိုလည်း နောက်ဆုံးမိနစ်ကျမှ ပင်နယ်တီဂိုးနဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့သမိုင်းတစ်လျှောက် ၃ ပွဲကစားပြီးချိန်မှာ ၁၁ ဂိုးပေးထားခဲ့ရ ပြီး အများဆုံးပေးဂိုးစံချိန်လည်းဖြစ်နေခဲ့ပါတယ်။ ဒါဟာ တစ်ပွဲပျမ်းမျှ ၄ ဂိုးနှုန်းနီးပါးရှိ ပါတယ်။ မန်ယူအသင်းရဲ့ပေးဂိုးအနေအထားက တန်းတက်ဖူလ်ဟမ်အသင်းရဲ့ပုံစံဖြစ် နေပြီး ဖူလ်ဟမ်ထက် အသုံးစရိတ်အများကြီးပိုသုံးထားတဲ့ မန်ယူအတွက် လက်မခံနိုင် စရာဖြစ်နေပါတယ်။

လက်ရှိချန်ပီယံ လီဗာပူးကလည်း မန်ယူနဲ့အတူ ပေးဂိုး ၁၁ ဂိုးပဲဆို ပေမယ့် သူတို့ရဲ့တိုက်စစ်က ၁၁ ဂိုးပြန်ရထားပြီး အဝေးကွင်းမှာ ချဲလ်ဆီးကို ခြေစွမ်းအသာနဲ့ ၂ ဂိုးပြတ်အနိုင်ရထားတာမျိုးလည်း ရှိခဲ့ပါတယ်။

၁၉၃၀-၃၁ ဘောလုံးရာသီမှာ အဖွင့် ၃ ပွဲအပြီး ၁၃ ဂိုးပေးခဲ့ရတဲ့မှတ်တမ်းရှိပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ သမိုင်း ကြောင်းတစ်လျှောက် ၂ ပွဲဆက်တိုက်ရှုံးပြီး အဆိုးရွားဆုံးရာသီသစ်စတင်မှုဖြစ်နေတာ ကတော့ လက်မခံနိုင်စရာပါပဲ။ ယူနိုက်တက်ရဲ့သမိုင်းတစ်လျှောက် လိဂ်ပြိုင်ပွဲ အိမ်ကွင်း ၂ ပွဲဆက်တိုက်ရှုံးတာ ၅ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့အနေအထား က အဘက်ဘက်ကဆိုးရွားနေတယ်လို့ပြောနိုင်ပြီး ၃ ပွဲကစားအပြီးမှာ ဂိုးပေါက်ကို ၉ ကြိမ်ပဲ ကန်သွင်းနိုင်ခဲ့ပါသေးတယ်။ ဒါဟာ တစ်ပွဲပျမ်းမျှ ဂိုးပေါက်တည့်တဲ့အကြိမ် အရေအတွက် ၃ ကြိမ်သာရှိခဲ့တာပါ။ မန်ယူထက် ပိုနည်းတဲ့အသင်းတွေအနေနဲ့ ဝက်စ် ဘရွန်း၊ ရှက်ဖီး၊ ပဲလေ့စ်နဲ့ နယူးကာဆယ်အသင်းတို့ပဲ ရှိပါတယ်။ လီဗာပူးအသင်းက ဂိုး ပေါက်ကို ၂၈ ကြိမ်အထိတည့်အောင် ကန်သွင်းထားနိုင်ခဲ့ပြီး မန်စီးတီးအသင်းက ၁၆ ကြိမ်ရှိပါတယ်။

ဘောလုံးပေးပို့မှုအပိုင်းမှာလည်း မန်ယူက တစ်ပွဲပျမ်းမျှ ဘောလုံးပေးပို့ နိုင်မှု ၅၀.၇ ရာခိုင်နှုန်းပဲရှိပြီး လီဗာပူး(၆၇.၃%)၊ မန်စီးတီး(၆၃.၃%)တို့နဲ့ယှဉ်လိုက်ရင် သိသာပါတယ်။ မန်ယူဟာ အိမ်ကွင်းမှာ ပင်နယ်တီဆက်တိုက်ပေးခဲ့ရတာကလည်း နောက်တန်းရဲ့ မ တည်ငြိမ်မှုကို ပြသနေတာပါပဲ။

Leave a Comment

Your email address will not be published.