မန်ချက်စတာနဲ့ပွဲအပြီး အင်တာဗျူးမှာ ဘာကြောင့်ထွက်ပြေးရလဲ ဆိုတဲ့အကြောင်းရင်းကို မော်ရင်ဟိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

“မန်ချက်စတာကို နောက်ထပ် ပင်နယ်တီ 6 လုံးထပ်ပေးရမှာ ဆိုးလို့ ပွဲပြီးတာနဲ့ Old Trafford ကနေ ထွက်သွားတာက အကောင်းဆုံးနည်းလမ်းလို့ပဲ ကျွန်တော်ထင်ပါတယ်။ဒါနဲ့ ကျွန်တော့် ကစားသမားတွေနဲ့ နည်းပြဝန်ထမ်းတွေကလည်း ပွဲပြီးလို့ ၂ မိနစ်အတွင်း ဘတ်စ်ကားပေါ်ရောက်နေပြီးသားပါ။ Lamela ကျွန်တော့်ကိုကို လှမ်းအော်နေတာ မှတ်မိနေတုန်းပဲ” Boss…မင်း ဘာကို စောင့်နေတာတုန်းတဲ့”လို့ မော်ရင်ဟိုက ရိသဲ့သဲ့ပြောကြားလိုက်တာပါ။

မော်ရင်ဟိုက အသင်းဟောင်းယူနိုက်တက်ကို စပါးနဲ့ပွဲအပြီး ရိသဲ့သဲ့ပြောကြားတာ တစ်ကြိမ်မကတော့တာလည်းဖြစ်ပါတယ်။ စပါးနဲ့ပွဲအပြီးရလာဒ်ပိုင်းနဲ့ပက်သက်ပြီးလည်း”ဂိုးပြတ်ရှုံးလို့ စောဒကတက်ချင်တာတောင်ယူနိုက်တက်အနေနဲ့တက်ခွင့်မရှိဘူးလို့”လည်းပြောဆိုဖူးပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အန်သိုနီမာရှယ်ထုတ်ပယ်ခံလိုက်တဲ့ အခြေအနေမှာ VAR နဲ့ ပတ်သက်ပြီးတော့ စောဒကတက်ခွင့်မရှိဘူးလို့ စပါးနည်းပြမော်ရင်ဟိုက ပြောဆိုလိုက်တာပါ။ မော်ရင်ဟိုဟာ အိုးထရက်ဖို့ဒ်မှာ အသင်းဟောင်းယူနိုက်တက်ကို ၁-၆ နဲ့ အနိုင်ယူခဲ့ပြီး သမိုင်းဝင်အောင်မြင်မှုတစ်ခုလို့လည်းပြောဆိုခဲ့ပြီး VAR နဲ့ ပတ်သက်ရင် ငိုကြွေးရမှာက စပါးအသင်းသာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ရဲ့ ပယ်နယ်တီနဲ့ ဦးဆောင်ဂိုးစောစောစီးစီးရခဲ့ပေမယ့်လည်း စပါးဘက်က အန်ဒွန်ဘီလီက ချက်ချင်းဆိုသလို ချေပဂိုးပြန်သွင်းခဲ့ကာ ဆွန်ဟောင်မင်က ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒီနောက်မှာတော့ မာရှယ်က လာမယ်လာနဲ့ အချေအတင်ဖြစ်ပွားခဲ့ပြီး မျက်နှာကိုလက်နဲ့ရိုက်ခဲ့တာကြောင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြိး ဒီအပေါ်မှာ VAR ပြန်ကြည့်ဖို့ ကစားသမားတွေကတောင်းဆိုခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ငြင်းဆန်ခဲ့ပါတယ်။

ရုပ်သံပြကွက်တွေအရ လာမယ်လာက မာရှယ်ကို အရင်ဆုံးရန်မူခဲ့တာကို တုံ့ပြန်ခဲ့တာဖြစ်လို့လည်း ယူနိုက်တက်ဘက်က အခုလိုစောဒကတက်ခဲ့တာဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားကလည်း ပွဲအပြီးမှာ အဆိုပါအနီကတ်က ဟာသဆန်လွန်းတယ်လို့ ပြောဆိုခဲ့ပြီး မော်ရင်ဟိုကတော့ ယူနိုက်တက်အနေနဲ့ VAR ပြန်မကြည့်ခဲ့လို့ ငိုခွင့်မရှိတဲ့ အသင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“အဲဒီအဖြစ်အပျက်ကို ကျွန်တော်မတွေ့ခဲ့ပါဘူး၊ ပြန်ကြည့်ဖြစ်ချင် ကြည့်ဖြစ်ပါလိမ့်မယ်၊ တကယ်လို့ VAR ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တစုံတယောက်က ငိုခွင့်ရှိမယ်ဆိုရင် အဲဒါက တော့တင်ဟမ်ပါ၊ ငိုခွင့်မရှိတဲ့အသင်းကတော့ ယူနိုက်တက်ဖြစ်မယ်ဆိုတာ သေချာပါတယ်၊ ကျွန်တော်မသိပါဘူး၊ ကျွန်တော်သိတာက ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့တယ်ဆိုတာပါ၊ ကျွန်တော့်ကစားသမားတွေကိုလည်း ရလဒ်ကောင်းရအောင်ယူပြီး အနိုင်ရအောင်လုပ်ကြမယ်ပဲ ပြောခဲ့တာပါ”“ယူနိုက်တက်က ပွဲအများကြီးရှုံးလေ့မရှိပါဘူး၊ အဲဒီထဲမှာ ၆ ဂိုးနဲ့ရှုံးဖို့ဆိုတာက နေ့တိုင်းဖြစ်မယ့်အရာလည်းမဟုတ်ဘူး၊ ဒါက သမိုင်းဝင်နိုင်ပွဲပါ၊ ဒါပေမယ့်လည်း အဆုံးမှာတော့ ၃ မှတ်ပဲဖြစ်ပြီး ဒီ ၃ မှတ်ကအရေးကြီးပါတယ်၊ ဘာလို့လဲဆိုတော့ အိမ်ကွင်းမှာ ကျွန်တော်တို့ ငါးမှတ်အထိဆုံးရှုံးခဲ့လို့ပါ၊ ကောင်းကောင်းပြင်ဆင်နိုင်ခဲ့ပြီးတော့ ၁ဝယောက်တည်းနဲ့ကြောင့်လို့ တချို့ကပြောနိုင်ပါတယ်၊ မှန်ပါတယ်၊ ဒါပေမယ့် ဆယ့်တစ်ယောက်ချင်းမှာလည်း ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး သူတို့ကို ပြသနာတွေပေးနိုင်ခဲ့ပါတယ်” လို့ မော်ရင်ဟိုက ပြောသွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.