လာမယ့်ပွဲစဉ်တွေမှာရလဒ်တွေဆက်ဆိုးရွားမယ်ဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းအမှု ဆောင်အရာရှိချုပ်အက်ဝုဒ်ဝက်ဒ်အနေနဲ့ နည်းပြ ဆိုးလ်ရှားကိုရာထူးကထုတ်ပယ်ဖို့စီစဉ်နေတယ် လို့ Dialy Mail သတင်း ဌာနကဖော်ပြပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီး ယား လိဂ်ရာသီအဖွင့်ပွဲစဉ်သုံးပွဲမှာ မျှော်လင့်သလောက်ရလဒ်မကောင်း ခဲ့ဘဲခြေစွမ်းပြကစားနိုင် ဖို့ရုန်းကန်နေရပြီးနည်းပြ ဆိုးလ်ရှားလည်း ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်း ကို ၆ဂိုး၁ဂိုးရှုံးနိမ့်ခဲ့ရာပရိသတ်တွေ မကျေမနပ်ဖြစ် နေပါတယ်။မန်ချက်စတာယူနိုက်တက်အသင်း ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း မှာစပါး အသင်းနည်းပြဟောင်းပိုချက်တီနိုကိုခေါ်ယူဖို့ ချိတ်ဆက်နေတယ် လို့ သတင်းတွေထွက်ပေါ်နေ ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းအမှုဆောင်အရာရှိချုပ်အက်ဝုဒ်ဝက်ဒ်ဟာအပြောင်းအရွှေ့ကာလအတွင်းနည်းပြဆိုးလ်ရှားလိုချင်တဲ့ကစားသမား တွေကို ရအောင်မခေါ်ယူပေးနိုင်တဲ့အတွက်ဖိအားတွေရှိနေတယ်လို့သတင်းတွေလည်းထွက်ပေါ် နေပါ တယ်။မန်ချက်စတာယူနိုက် တက်အသင်းဟာပရီး မီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်သုံးပွဲကစားပြီးချိန်မှာ တစ်ပွဲနိုင်၊နှစ်ပွဲရှုံးကာ အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာရှိနေပါတယ်။

အာဂျင်တီးနားလူမျိုး ပိုချက်တီနိုဟာ လက်ရှိအချိန်မှာအ သင်းလက်မဲ့ဖြစ် ကာ အနားယူနေပေမယ့် သင့်တော်တဲ့အခွင့်ရေး ရှိမယ်ဆိုရင် နည်းပြလောကကိုတစ်ကျော့ပြန်ဝင်ရောက်ဖို့ စိတ်ဝင်စားနေ သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကစားသမားဟောင်း ဆိုးလ်ရှား ကိုယာ ယီနည်းပြအဖြစ်ခန့် အပ်ချိန်မှာရလဒ်တွေကောင်းခဲ့ တဲ့အ တွက်၂၀၁၈ခုနှစ်ကအမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။နိုင်ငံတကာပွဲစဉ်တွေကစားရမယ့်အချိန်ကာလပြီးဆုံးချိန်မှာမန်ချက်စတာ ယူနိုက် တက်အသင်းဟာ နယူးကာဆယ်၊ ချဲလ်ဆီး၊ အာဆင်နယ်၊ အဲဗာတန်အ သင်းတို့နဲ့ပရီးမီး ယားလိဂ်ပွဲစဉ်တွေအပြင် လိုက်ဇစ် ၊ပီအက်ဂျီအသင်းတို့ နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကစားရမှာ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.