အာဆင်နယ်အသင်းရဲ့ ဂန္ဓဝင်နည်းပြဟောင်းကြီးသမိုင်းဝင်အလွဲများအကြောင်းကိုThe Guardianသတင်းစာ
နဲ့အမေးအဖြေပြုလုပ်ရာမှာ မချိတင်ကဲပြောပြခဲ့တာပါ။သူ့ကိုထိုအချိန် မန်ယူလက်ထောက်နည်းပြ ပေါ်တူဂီလူမျိုးကားလို့ကွေးရော့က ကုလားဖန်ထိုးလိုက်လို့ အပြောင်းအရွှေ့ဟာ လန်ဒန်ကနေမန်ချက်စတာကိုရောက်သွားခဲ့တယ်လို့ဆိုပါတယ်။

အာဆင်းက နောင်တရမယ်ဆိုလည်းရလောက်စရာဖြစ်ခဲ့ပါတယ်သူလွဲချော်ခဲ့ရတဲ့ကစားသမားက ရာစုနှစ်အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ရော်နယ်ဒိုဟာ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ဖလားသုံးလုံးနဲ့ချန်ပီယံလိဂ်ဖလားတလုံးရရှိခဲ့သလိုရီးရဲအသင်းနဲ့အတူ အသင်းသမိုင်းမှာ ဘယ်သူမှ မရှိဘူးသေးတဲ့၄၃၈ပွဲကစားပြီးဂိုးပေါင်း၄၅၀သွင်းယူခဲ့တဲ့ ကစားသမားဖြစ်ကာ ရီးရဲယ်အသင်းနဲ့စံချိန်တင်ချန်ပီယံလိဂ်ဖလားလေးလုံးရရှိခဲ့ပါတယ်။

၂၀၀၃ခုနှစ်နွေရာသီမှာပေါ့ဗျာ ရော်နယ်ဒိုရယ်သူ့အစ်မေရယ်ကျွန်တော်ရယ်ဟိုက်ဘရီမှာနေ့လည်စာအတူစားရင်းလန်ဒန်ကို လာဖို့ကိစ္စကိုသဘောတူခဲ့ကြတာ အဲ့ဒိတုန်းကရော်နယ်ဒို အာဆင်နယ်လေ့ကျင့်ရေးကွင်းမှာ အာဆင်နယ်အသင်းအကျီၤတောင်ဝတ်ထားပြီးပါပြီစပိုးတင်းအသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စကလည်းအဆင်ပြေနေပြီရော်နယ်ဒိုဟာသေချာပေါက် ဟိုက်ဘရီကိုရောက်နေပါပြီ။နောက်တော့ ကားလို့ကွေးရောစ် ဘယ်လိုလုပ်တယ်မသိပါဘူး သူ့အမေစီကနေ မန်ချက်စတာကို သွားတော့မယ်လို့ အကြောင်းပြန်လာတယ်။သမိုင်းဝင်လောက်တဲ့လွဲချော်မှုပါ။

ကလပ်အသင်းကြီးတွေရဲ့သမိုင်းတလျှောက်မှာ အခုလိုထိပ်တန်းကစားသမားတွေကို လွဲချော်ခဲ့တာတွေကတော့ အများကြီးပေါ့ဗျာ။ကျွန်တော့်အတွက်ကတော့လွဲချော်မှုလို့ပြောဖို့ထက် ကျွန်တော်တို့နဲ့သဘောတူပြီးသားကစားသမားတစ်ယောက်ကို မန်ယူအသင်းက လက်ထောက်နည်းပြအကူအညီနဲ့ကြားဖြတ်ခေါ်သွားတာပါ
ဟုပြန်ပြောင်းပြောသွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.