အာဆင်နယ်အသင်းဟာ အေဂျက်လူငယ်အသင်းမှ ပါရမီ၇ှင်ကစားသမားလေးဂျိုးအီဒက်ဟိုအပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီလို့သတင်းရရှိပါတယ်။အဆိုပါကစားသမားလေးကိုအာဆင်နယ်အသင်းကအပြောင်းအရွှေ့နောက်ဆုံးအချိန်လေးမှာခေါ်ယူခဲ့တာဖြစ်ြ့ပီး အပြောင်းအရွှေ့ကိစ္စအရပ်ရပ်ကို အခုမှအပြီးသတ်နိုင်တာဖြစ်ပါတယ်။

တစ်ဦးချင်းထူးချွန်လွန်းတဲ့ကစားသမားလေးဟာ ညာတောင်ပံတိုက်စစ်နေရာကိုအားသန်ပြီး အသက်၁၇နှစ်သာရှိသေးပေမယ့်အာဆင်နယ် ယူ-၂၃အသင်းမှာကစားရမယ်လို့သိရပါတယ်။ဘောလ့ုးကျွမ်းကျင်သူတွေအဆိုအရ ကစားသမားလေးဟာ မကြာခင်အချိန်အတွင်းမှာဘဲအာဆင်နယ်အသင်းကြီးမှာ နေရာရလာလိမ့်မယ်လို့ဟောကိန်းထုတ်နေပြီးအာဆင်နယ်အသင်းအတွက်အလွန်ကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်းချီးကျူးနေကြပါတယ်။

ဂျိုးအီဒက်ဟိုဟာ နယ်သာလည် ကလပ်အသင်းတစ်ခုဖြစ်တဲ့ ဝီလှံျ၂အသင်းရဲ့လူငယ်အသင်းကထွက်ပေါ်လာတဲ့ကစားသမားတစ်ဦးးဖြစ်ပြီးအေဂျက်အသင်းကိုရောက်ရှိလာတာ၃လသာရှိသေးပြီးအေဂျက်လူငယ်အသင်းမှာ၆ပွဲသာကစားရသေးပြီး တစ်ဂိုးသွင်းယူထားပါတယ်။ဒါပေမယ့်သူ့ရဲ့ထူးချွန်တဲ့ကစားပုံကြောင့် ဥရောပကင်းထောက်တွေရဲ့ မျက်လုံးအောက်ရောက်ရှိလာချိန်မှာဘဲအာဆင်နယ်အသင်းကလျှင်လျှင်မြန်မြန်ခေါ်ယူလိုက်တာပါ။

Leave a Comment

Your email address will not be published.