မေရာသတင်းရဲ့ဖော်ပြချက်မှာ လီဗာပူးလ် အသင်းဟာ အပြောင်းအရွှေ့ပိတ်မယ့် အခုလ(၁၆)ရက် မတိုင်ခင်ထိ ဂိုးသမားသစ်ခေါ်ယူဖို့ စိတ်ဝင်စားဘူးလို့ဆိုထားပါတယ်။လီဗာပူးလ် အသင်းနည်းပြ ကလောပ့် ဟာ အက်စတွန်ဗီလာ အသင်းကို ဂိုးပြတ်အရေးနိမ့်တဲ့ပွဲမှာ ဂိုးသမား အက်ဒရီယန် ကို အပြစ်တင်မှုမပြုလုပ်ခဲ့ပဲ အဲဗာတန်နဲ့ ပွဲမှာလည်း စပိန်ဂိုးသမား ကိုပဲ အသုံးပြုမှာဖြစ်ပါတယ်။

လီဗာပူးလ် အသင်းရဲ့အဓိက ဂိုးသမား အလီဆန် ဟာ ပခုံးဒဏ်ရာကြောင့် (၅)ပတ်ကြာအနားယူရမှာပါ။ ဒုတိယဂိုးသမား အက်ဒရီယန် ဟာ ပြီးခဲ့တဲ့အပတ်က အက်စတွန်ဗီလာ အသင်းနဲ့ ပွဲမှာ ပွဲထွက်ဖမ်းခဲ့ပြီး အသင်းဟာလည်း အက်စတွန်ဗီလာ ကို (၇)ဂိုး-(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်

အခုရက်ပိုင်းမှာ လီဗာပူးလ် အသင်းဟာ စတုတ်အသင်းဂိုးသမား ဘတ်လန်း ကို ခေါ်ယူဖို့ စီစဉ်နေပြီး အဲဗာတန်နဲ့ ကစားမယ့် မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ ပွဲထွက်အသုံးပြုဖို့ပါ ရည်ရွယ်ထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဘတ်လန်းကလည်း စတုတ်အသင်းမှာ နေရာမရတာကြောင့် အခုအပြောင်းအရွှေ့မပိတ်ခင်မှာ အသင်းကထွက်ခွာဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။လီဗာပူးလ် အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်(၄)ပွဲကစားပြီးချိန်မှာ (၃)ပွဲနိုင်၊(၁)ပွဲရှုံးနိမ့်ထားတာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.