အာဆင်နယ် အသင်းဟာ 2018ခုနှစ်က အိုဇေးလ်ကို စာချူပ်သစ် ချူပ်ဆိုရာမှာ သစ္စာစောင့်တည်ကြေးဆိုတဲ့ အချက်အလက်တစ်ခုကို ထည့်သွင်း ချူပ်ဆိုခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ် အသင်းဟာ စာချူပ်ပါအချက်လက်တွေကြောင့် အိုဇေးလ်ကို အရင်ပတ်က သစ္စာ စောင့်တည်ကြေးအဖြစ် ပေါင် 8သန်း ပေးချေလိုက်ရတယ်လို့ သိရပါတယ်။မြောက်လန်ဒန်ကလပ်ဟာ အိုဇေးလ်ကို ၂၀၁၃ မှာ ရီးရဲလ်ကနေ ထိုစဉ်က ပေါင် ၄၂.၅ သန်းထိ ကြေးကြီးပေးကာ ခေါ်ယူဖြစ်ခဲ့ပါတယ်။

ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ အာဆင်နယ် အသင်းအတွက် ပွဲကစားခွင့် မရတာ လ အတော်ကြာ ရှိပေမယ့် နွေမှာလည်း အာဆင်နယ်က ဂျာမန်သားကို ရောင်းမထုတ်နိုင်ခဲ့တာကြောင့် အသင်းမှာ ဆက်ရှိနေတဲ့ အိုဇေးလ်ကို စာချုပ်ပါ အချက်များအရ သစ္စာရှိကြေး ဘောနပ်စ်ပါ ထပ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

အဲဒီနောက် ၂၀၁၈ မှာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပြီး ထိုစဉ်က အသင်း အသက်သွေးကြောလို အဓိက ကစားသမား ဖြစ်နေတဲ့ အိုဇေးလ်အား တစ်ပတ် ပေါင် ၃ သိန်းခွဲ ထိ ပေးကာ ၂၀၂၁ နွေထိ ရှိမယ့် စာချုပ်သစ် တစ်ရပ် ချုပ်ဆို ဖြစ်ခဲ့ပါတယ်။ ထိုစာချုပ်မှာ အသင်းမှာ ရေရှည် ဆက်နေစေဖို့ အိုဇေးလ်ကို ထပ်ဆောင်း ဆုကြေးတွေ အချက် အမျိုးမျိုးနဲ့ ထည့်သွင်းထားသေးပြီး သစ္စာရှိကြေးပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဆင်နယ်နည်းပြ အာတီတာက အိုဇေးလ်ကို ဥရောပ ယူရိုပါလိဂ်ပွဲ ပြိုင်ပွဲဝင်မယ့် လူစာရင်းကနေ ဖယ်ထုတ်ထားခဲ့ပြီး အိုဇေးလ်ကို အသင်းမှာ ဆက်ရှိဖို့ မလိုလားကြောင်း ပြောင်ပြောင်တင်းတင်း ပြသထားပေမယ့် အိုဇေးလ်ကတော့ စာချုပ် မကုန်မချင်း အသင်းကနေ ထွက်ခွာမယ့်ဟန် မရှိပါဘူး။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေက အိုဇေးလ်ကို အသည်းအသန် ရောင်းထုတ်လိုခဲ့ပြီး စက်တင်ဘာ အကုန်မှာ ဆုကြေး ပေါင် ၈ သန်း ပေးရမှာက အချက် တစ်ချက် အဖြစ် ပါဝင်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အိုဇေးလ်ကို ပွဲကစားခွင့် သိသာစွာ ချန်လှပ်ထားတာတွေကလည်း ပွဲကစားတဲ့ အပေါ် မူတည်ပြီး ပေးရမယ့် ဆုကြေးတွေကို ရှောင်လွှဲဖို့လည်း ပါဝင်တယ်လို့ ယူဆချက်တွေ ရှိနေပါတယ်။

အိုဇေးလ်ဟာ လော့ဒ်ဒေါင်းကာလ အပြီးတည်းက ပွဲ ကစားခွင့် မရသေးတာ ဖြစ်ပြီး လာမယ့် အောက်တိုဘာ ၂၀ ရက်နေ့မှာ အာတီတာ တင်သွင်းမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အာဆင်နယ် လူစာရင်းမှာလည်း ပါဝင်ပါဦးမလား စောင့်ကြည့်မှုတွေ ရှိနေပါတယ်။

အိုဇေးလ်ကတော့ သြဂုတ်လထဲ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ၎င်း အနေနဲ့ အာဆင်နယ်အသင်းနဲ့ အတူ သဘောတူထားတဲ့ စာချုပ် နောက်ဆုံးရက် အထိကို အသင်းမှာ ဆက်ရှိနေဖို့ ရည်ရွယ်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

Leave a Comment

Your email address will not be published.