ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား မာတာဟာ အသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ မာတာကို ဆော်ဒီအာရေးဗျ ကလပ်အသင်းတစ်သင်းက တပတ်လုပ်ခငွေ ပေါင် ၂သိန်းကျော်ဖြင့် ခေါ်ယူရန် အတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့တာဖြစ်ပြီး ဒီ ကမ်းလှမ်းမှုနဲ့ပက်သက်လို့ မာတာဟာ မန်ယူကိုစွန့်ခွာဖို့ဆုံးဖြတ်ထားတယ်လို့ သူ့ရဲ့ဖခင်က ယူနိုက်တက်အင်ဆိုက်တာကိုပြောကြားခဲ့တာပါ။ “ဂျူဟန်ဟာ ဒီကမ်းလှမ်းမှုကို လက်ခံဖို့ဆုံးဖြတ်ထားပါတယ်၊ ယူနိုက်တက်ရဲ့တာဝန်ရှိသူတွေအနေနဲ့လည်း ကစားသမားကိုယ်တိုင်ကို ဆုံးဖြတ်ခွင့်ပေးစေချင်ပါတယ်”လို့ဆိုပါတယ်။

အသက် ၃၂နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ယူနိုက်တက် အသင်းရဲ့ ဝါရင့် ကွင်းလယ် ကစားသမား မာတာ ဟာ 2014 ခုနှစ်က ပြိုင်ဘက် အသင်း ဖြစ်တဲ့ ချယ်ဆီး အသင်းက နေ ပေါင် ၃၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယူနိုက်တက် အတွက် ပွဲပေါင် ၂၅၅ပွဲမှာ သွင်းဂိုး ၅၀နဲ့အတူ ဂိုးဖန်တီးပေးမှု ၄၅ကြိမ် ရရှိထားတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ် ယူနိုက်တက် နဲ့အတူ ယူရိုပါလိဂ်ဖလား နဲ့ လိဂ်ဖလား အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပြီး အသက်အရွယ်ပိုင်းအရ အကျပိုင်းရောက်ရှိနေခဲ့သလို အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒီဘိဒ်, ပေါ့ဘာ ၊ ဖာနန်ဒက်တို့လို့ No10 roleကစားသမားများစွာ ရှိနေတာကြောင့် ကစားခွင့် အကန့်အသတ်ဖြင့်သာ ရရှိနေပါတယ်။

ယူနိုက်တက်ကို စွန့်ခွာဖို့ စဉ်းစားနေတာ မာတာတစ်ယောက်တည်းမဟုတ်ပဲ ဂိုးသမားရိုမဲရိုးဟာဆိုရင်လည်း အသင်းကနေပြောင်းရွှေ့ဖို့ နာမည်အရမ်းကြီးနေတာပါ။ကျိန်းသေတဲ့ ပွဲထွက်ခွင့်မရရှိတဲ့ မာတာဟာလည်း တကယ်လို့ ဆော်ဒိကလပ်ကို ပြောင်းမယ်ဆိုရင် စာချုပ်ဖျက်သိမ်းပြီး အလွတ်ပြောင်းရွှေ့ကြေး ဒါမှမဟုတ် နောက်နှစ်လောက်မှ ပြောင်းနိုင်ပါလိမ့်မယ်။

စာချုပ်မှာလည်း လာမယ့် နွေဆို ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ် သက်တမ်းတိုးဖို့ မရှိနိုင်တော့တာကြောင့် အခုလို တခြားအသင်းတွေက ကမ်းလှမ်းမှုသတင်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ယခုနှစ် ပရီးမီးယားလိဂ် ပွဲ ၃ပွဲမှာ ကစားခွင့်မရခဲ့သော်လည်း ကာရာဘောင်ဖလားပွဲ ၂ပွဲမှာတော့ မာတာဟာ ကစားခွင့် ရရှိခြင်းနဲ့အတူ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ လုပ်ဆောင်ပေးနိင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆု (MotM)ကိုလည်း နှစ်ပွဲစလုံး အရယူထားသူဖြစ်ပါတယ်။

အပြောင်းအရွေ့ ကိစ္စတွေမှာ ကျွမ်းကျင်သူ မက်ကရေး ကတော့ ယူနိက်တက် နဲ့ တရားဝင်ညှိနှိုင်းမှုတွေ မရှိသေးပေမယ့် မာတာအတွက် အကျိုးအမြတ်များစွာ ရရှိနိုင်မယ့် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာပါက အံ့သြစရာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

မာတာဟာ သဘောတူညီမှုတွေ အဆင်ပြေသွားပါက ဆော်ဒီကလပ်မှာ တစ်နှစ် ဒေါ်လာ ၁၅သန်း ခန့် ရရှိသွားမှာ ဖြစ်ပါတယ်..။ ညှိနှိုင်းမယ့်အချိန်ဝေးသေးတာကြောင့် ယူနိုက်တက်တို့ဟာ အသင်းအမည်ကို ထုတ်ဖော်ခြင်း မရှိသေးပါဘူး။

Leave a Comment

Your email address will not be published.