မန်ယူနောက်တန်းကစားသမားဟောင်း အီဗရာ ဟာ မန်ယူအသင်းကို ခင်တွယ်ပြီး လက်ရှိ Sky Sport မှာ လည်း မန်ယူ အသင်းပွဲတွေနဲ့ ပတ်သက်ပြီး တကယ့်လက်တွေ့ကျတဲ့သုံးသပ်မှုတွေကို ဝေဖန်နေသူဖြစ်ပါတယ်…

သူကတော့ မန်ယူဟာလက်ရှိ အကြီးအကျယ်စိတ်ထိခိုက်နေတဲ့အတွက် မန်ယူ အသင်းအကြောင်းကို သူ့ရဲ့ Social Media Page မှာ ယခုလိုပြောကြားလိုက်ပါတယ်…..” ကျနော် မန်ယူ အသင်းကို တကယ်အရေးစိုက်ပါတယ်….သူတို့လုပ်ပုံတွေကို ကျနော် Sky Sport နဲ့ စာချုပ်ကြောင့် အရမ်းအားစိုက်လေ့လာနေတာမဟုတ်ဘူး…..အသင်းမှာရှိစဉ်က အမှတ်တရတွေက ကျနော်မျက်လုံးထဲက မထွက်သေးဘူး….

ကျနော်တို့ ဘော့စ်(ဖာဂူဆန်) နဲ့ အောင်မြင်မှုတွေရယူခဲ့တာတွေအများကြီးပါ …..နောက်ပြီးတော့ လက်ရှိနောက်တန်းကို ဘယ်လို ပြင်ဆင်မလဲဆိုတာ အခုလာမယ့် နယူကားဆယ်နဲ့ပွဲကိုကြည့်ရတော့မယ့် …ဒီပွဲမှာ မှ မန်ယူ ဟာ နောက်တန်းကို ခိုင်မာအောင် မပြင်လာခဲ့ရင်တော့ မန်ယူအသင်းရဲ့ ပုံရိပ်တွေဟာ တထောင်တညပုံပြင်တွေလို ဘဲ အဆုံးသတ်သွားပါလိမ့်မယ်လို့ရေးသားခဲ့ပါတယ်…

FBV SPORT NEWS

Leave a Comment

Your email address will not be published.