လီပါပူလ်းအသင်းဟာ လိုင်ယွန်အသင်းရဲ့နယ်သာလန်တေင်ပံတိုက်စစ်မှူး မာဖစ်ဒီပေးကို လာမယ့်ဘောလုံးရာသီမှာပြောင်းရွှေ့ကြေးမဲ့နဲ့အသင်းကိုခေါ်ယူဖို့ကစားသမားနဲ့ကြိုတင်ညှိနှိုင်းမှု တွေပြုလုပ်နေကြောင်းသတင်းရရှိပါတယ်။အသက်၂၅နှစ်အရွယ်တိုက်စစ်မှူးဟာ လိုက်ယွန်အသင်းနဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကိုရောက်ရှိနေပြီးလာမယ့်ဇန်နဝါရီမှာသူကြိုက်နှစ်သက်တဲ့အသင်းနဲ့အကြိုသဘောတူစာချုပ်ချုပ်နိုင်တော့မှာဖြစ်ပါတယ်။

ဒီပေးကိုဆရာဟောကိုးမန်းနည်းပြပြုလုပ်နေတဲ့ဘာစီလိုနာအသင်းက အသည်းအသန်ခေါ်ယူချင်နေပေမယ့် ဘဏ္ဏာရေးပြသနာတတ်နေတဲ့ဘာစီလိုနာအသင်းဟာ လိုက်ယွန်အသင်းမှ ပြောင်းရွှေ့ကြေးကိုပေါင်သန်း၂၀ထိချပေးတာတောင်ခေါ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။ဒီပေးကိုဘာစီလိုနာကသာ ဝယ်ယူရင်ရရှိမယ့်ပြောင်းရွှေ့ကြေးထဲက ၂၀ရာခိုင်နှုူန်းကိုလိုင်ယွန်အသင်းက ဒီပေးရဲ့အသင်းဟောင်း မန်ယူအသင်းကိုပြန်ပေးရမှာဖြစ်ပြီး အဆိုပါအပြောင်းအရွှေ့ဟာလည်း မန်ယူအသင်းကသဘောတူမှသာဖြစ်မြောက်မှာဖြစ်ကြောင်းသိရပါတယ်။

လာမယ့်ဘောလုံးရာသီမှာတော့ဒီပေးဟာ လိုင်ယွန်အသင်းနဲ့စာချုပ်သက်တမ်းပြည့်သွားလို့အလွတ်ပြောင်းရွှေ့ခွင့်ရှိသွားသလို အသင်းဟောင်းမန်ယူအသင်းရဲ့ကန့်သတ်မှုတွေကလည်းကင်းလွတ်သွားတော့မှာပါစာချုပ်အရ လာမယ့်ဇန်နဝါရီအထိဒီပေးကိုမန်ယူအသင်းကပြနလည်ခေါ်ယူခွင့်ရှိနေသေးပေမယ့် လက်တွေ့မှာတော့ပြန်လည်ခေါ်ယူမယ့်အရိပ်အယောင်မတွေ့ရပါဘူး။

ဒီပေးကိုယ်တိုင်ကတော့စပိန်ကိုပြောင်းရွှေ့ချင်ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံရဲ့စိတ်ဝင်စားမှုကြောင့် တချိန်ကမအောင်မြင်ခဲ့တဲ့အင်္ဂလန်ကို ပြန်ဖို့ဖြစ်လာပါပြီ။ပြင်သစ်မှာမူလခြေစွမ်းတွေပြန်ရလာတဲ့ဒီပေးဟာ လိုင်ယွန်အတွက်ပြင်သစ်လိဂူး၁၀၈ပွဲကစား၄၇ဂိုးသွင်းယူကာ၃၃ဂိုးဖန်တီးပေးထားပြီးသွင်းဂိုးကောဖန်တီးမှုပါအားကောင်းတဲ့ကစားသမားအဖြစ်ရပ်တည်နိုင်လာပြီးယခုဘောလုံးရာသီမှာလည်းလိုင်ယွန်အတွက် ၆ပွဲကစားလေးဂိုးသွင်းယူပြီးဆက်လက်ခြေစွမ်းပြလျှက်ရှိပါတယ်။

Leave a Comment

Your email address will not be published.