အင်္ဂလန်အသင်းတိုက်စစ်မှူးမားကပ်ရပ်ဖိုစ့်ဟာ အင်္ဂလန်နဲ့ဘယ်ဂျီယမ်ပွဲစဉ်မတိုင်ခင်အင်္ဂလန်အသင်းထရိန်နင်မှာအစွမ်းတွေအသားကုန်ပြခဲ့ကြောင်းမန်ယူ အသင်းပရိတ်သတ်တွေက တွစ်တာပေါ်မှာအပြိုင်အဆိုင်တင်နေကြပါတယ်။ရက်ဖိုစ့်ဟာတစ်ဦးချင်းကျွမ်းကျင်မှုတွေနဲ့လျှင်မြန်မှုတွေပေါင်းစပ်ပြီးကစားသူတစ်ဦးဖြစ်ပါတယ်။

ဘယ်ဂျီယမ်အသင်းနဲ့ ပွဲမတိုင်ခင်အင်္ဂလန်အသင်းထရိန်နင်မှာ နှစ်ဘက်ခွဲကစားချိန်မှာ မန်ယူတိုက်စစ်မှူးရက်ဖို့စ်ဟာလီပါပူးအသင်းနောက်ခံကစားသမားအာနိုးကို နေရာလွတ်ကျဉ်းကျဉ်းလေးအတွင်းမှာskillပြပြီးဖင်ထိုင်လဲအောင်စွမ်းဆောင်ပြကာ ဂိုးသွင်းယူခဲ့တာကို အင်္ဂလန်အသင်းသားတွေက အသြခဲ့ကြကြောင်းThe Sunမှာဗီဒီယိုဖိုဖြင့်ပြသထားပါတယ်။

ရက်ဖိုစ့်ဟာထရိန်မှာတင်အစွမ်းပြတာမဟုတ်ဘဲ ဘယ်ဂျီယံအသင်းနဲ့နေးရှင်းလိဂ်ပွဲစဉ်မှာလည်းနိုင်ငံအသင်းအတွက်ဂိုးတစ်ဂိုးသွင်းယူခဲ့ကာအင်္ဂလန်အသင်းအတွက် ပြိုင်ပွဲလေးပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်လာပါတယ်။

အဆိုပါနိုင်ငံအသင်းအတွက်ပြိုင်ပွဲလေးပွဲဆက်တိုက်ဂိုးသွင်းယူနိုင်တာကတော့မန်ယူအသင်းမှာရက်ဖဖိုစ့်ကလေးဦးမြောက်ဖြစ်ခဲ့ပြီးဘောဘီချာတန်၊ဒေဗစ်ဘက်ဟမ်း၊ရွန်းနီတို့ကလည်းအင်္ဂလန်အသင်းအတွက် ပြိုင်ပွဲလေးပွဲဆက်တိုက်ဂိုးသွင်းယူနိုင်သူများဖြစ်ကြပါတယ်။

Leave a Comment

Your email address will not be published.