အာဆင်နယ်အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ ဂျာမန်ကွင်းလယ်ကစားသမားအိုဇေးကိုအရှေ့အလယ်ပိုင်းကလပ်အသင်းတခုဖြစ်တဲ့ဆော်ဒီအာရေဗျနိုင်ငံမှ ကလပ်အသင်းတစ်ခုဖြစ်တဲ့ အယ်နားဆားအသင်းမှပေါင်ငါးသန်းနဲ့ကမ်းလှမ်းလာမှုကိုအာဆင်နယ်အသင်းမှရောင်းချရန်သဘောတူညီသော်လည်းကစားသမားကပယ်ချလိုက်ပါတယ်။

အိုဇေးအနေနဲ့ယခင်လစာမျိုးရရှိရန်အရှေ့အလယ်ပိုင်းအသင်းများနဲ့မေဂျာလိဂ်အသင်းများသို့သာပြောင်းရွှေ့ကစားရန်ရှိနေသော်လည်း ကစားသမားအနေနဲ့အာရှကိုလာကစားရန် စိတ်ကူးမရှိကြောင်းသိရပါတယ်။အယ်နာဆားအသင်းက ကမ်းလှမ်းတဲ့လစာဟာ အိုဇေးစိတ်ကြိုက်မဖြစ်ဘူးဆိုရင်အာဆင်နယ်အသင်းကလစာအချို့ကိုစိုက်ပေးရန်အထိကျိုးပန်းခဲ့သော်လည်းအိုဇေးကတော့အာဆင်နယ်မှာဘဲဆက်နေမယ်လို့ပြောကြားလိုက်ပါတယ်။

The Athleticသတင်းစာကိုအိုဇေးက ဆုံးဖြတ်ရတာခက်ခဲလွန်းပါတယ်။ကျွန်တော်အာဆင်နယ်ကိုချစ်ပါတယ်ကျွန်တော့်ရဲ့အရာတိုင်းကိုအာဆင်နယ်ကိုအကုန်ပေးထားပါတယ်။ဒီဆုံးဖြတ်ချက်ကိုမပြင်ပါဘူး။ဒီအသင်းဟာကျွန်တော်ကိုပိုပြီးသန်မာလာစေပါတယ်။ကျွန်တော်ရဲ့ စွမ်းဆောင်ရည်တွေကိုပြန်ပြပီးအသင်းမှာနေရာပြန်ရလာအောင်ကျိုးစားမှာပါဟုပြောကြားခဲ့ပါတယ်။

အိုဇေးဟာအာဆင်နယ်အသင်းကို၂၀၁၄ခုနှစ်က ကလပ်စံချိန်တင်ကြေးပေါင်၄၂သန်းနဲ့ပြောင်းရွှေလာတာဖြစ်ပြီး အသင်းရဲ့ထိပ်တန်းကစားသမားအဖြစ်၅နှစ်ကစားခဲ့ရာမှနည်းပြအပြောင်းအလဲတွေမှာခြေစွမ်းပျောက်ဆုံးခဲ့ပြီး စံချိန်တင်လစာပေးနေရတဲ့ကစားသမားကိုလ အသင်းကလည်း ဆက်လက်မထားလိုဘဲ ရတဲ့နည်းနဲ့အသင်းကနေထွက်ခွာအောင်လုပ်ဆောင်နေတာကြောင့် အသင်းနဲ့ဆက်ဆံရေးတင်းမာနေသူဖြစ်ပါတယ်

Leave a Comment

Your email address will not be published.