လက်ရှိ မန်ချက်စတာယူနိုက်တက်ရဲ့အခြေနေဟာ အဆိုးရွားဆုံးရာသီအဖွင့်တွေရယ် ရလဒ်ဆိုးရွားမှုတွေ ခံစစ်အားနည်းချက်တွေကို မြင်တွေ့နေရတာတော့ အမှန်ပါဘဲ….မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးရှားလ် နဲ့ ဘုတ်အဖွဲ့ကို အပြစ်တင်နေကြသူတွေ အများကြီးပါ ပြီးတော့ သတင်းတွေများစွာ ထွက်နေတာက ဆိုးရှားလ်ကို ရလဒ်ဆိုးလာရင်ထုတ်မယ်ပေါ့…..

ဖာဂူဆန်က ” ကျနော်တို့ ဆိုးရှားလ်နဲ့ ဘုတ်အဖွဲ့ကို အခွင့်အရေးတခုပေးလိုက်သင့်တယ်…ပြီးတော့ ဆိုးရှားလ် က ကျနော်အတော်ဆုံးတပည့်တွေထဲက တယောက်ပါ…ဒါပေမဲ့ သူ့ရလဒ်တွေလက်ခံနိုင်စရာမရှိဘူးဆိုတာမှန်ပါတယ်….

ဘုတ်အဖွဲ့ကိုလည်း အပြစ်တင်လို့မရသလို သူတို့မှာလည်း စီးပွားရေးအခက်အခဲများစွာရှိတာကိုလည်း နားလည်ပေးရမယ်ထင်ပါတယ်….၂၀၀၆ ဇန်နဝါရီအပြောင်းအရွေ့ကိုမှတ်မိလားအီဗရာ ကိုခေါ်ခဲ့တုန်းကလို ကြီးမားတဲ့ပြောင်းရွေ့မှုတခုဖြစ်လာနိုင်ပါတယ်…ဖိအားသိပ်မပေးကြပါနဲ့….ဘောလုံးလောက ဘာမဆို ဖြစ်နိုင်တဲ့ အဖြစ်အပျက်တွေက အများကြီးပါ အီဗရာအပြောင်းအရွေ့ဘဲကြည့်ပါ….

အများကြီးပြောင်းလဲသွားခဲ့တယ်….မခေါ်ဖြစ်တော့ဘူးထင်ခဲ့တာ …ဒါပေမယ့် ဘုတ်အဖွဲ့နဲ့သဘောတူပြီး အဖြစ်အပျက်တွေက မြန်မြန်ဆန်ဆန်ဖြစ်သွားခဲ့တယ်…အဲ့ဒီတော့ ကျနော်တို့ တွေ အချိန်တခုပေးလိုက်ကြရအောင် ” ဟု ဖာဂူဆန်က MEN News မှာ ပြောသွားခဲ့ပါတယ်…

FBV SPORT NEWS

Leave a Comment

Your email address will not be published.