မန်ယူနောက်တန်းကစားသမားဟောင်း အီဗရာ ဟာ မန်ယူအသင်းကို ခင်တွယ်ပြီး လက်ရှိ Sky Sport မှာ လည်း မန်ယူ အသင်းပွဲတွေနဲ့ ပတ်သက်ပြီး တကယ့်လက်တွေ့ကျတဲ့သုံးသပ်မှုတွေကို ဝေဖန်နေသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပက်သက်ပြီး သူ့ထင်မြင်ယူဆချက်တွေကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသားဝေဖန်လေ့ရှိပြီး ဒီတစ်ခါမှာလည်း မန်ယူအသင်းအနေနဲ့ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့တဲ့အကြောင်းခုလိုပြောပြလာပါတယ်။

” မန်ယူရဲ့ ပျက်စီးခြင်းအစတွေထဲမှာ အသင်းကိုရောက်လာတာ ဘာမှမကြာသေးတဲ့ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်လက်ပတ်ပေးလိုက်တာပါပဲ။ ဒါလုံးဝမှားတာပဲ”လို့ အီဗရာကဝေဖန်လိုက်တာပါ။

ယူနိုက်တက်အသင်းဟာ ပီးခဲ့တဲ့ စပါးနဲ့ ကစားတဲ့ပွဲအပြီး နောက်ဆက်တွဲပြဿနာတွေ ဝေဖန်မှုတွေ ကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ အဲ့ဒီပွဲမှာလည်း မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ခေါင်းဆောင်မပီသမှုတွေကြောင့် အသင်းသားတွေနဲ့ ခေါင်းဆောင်အကြား သဘောကွဲလွဲမှုတွေရှိခဲ့ပြီး ပရိတ်သတ်တွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကိုလည်း ကြုံတွေ့နေရတာပါ။

တစ်ဖက်မှာ ယူနိုက်တက်ရဲ့ ပရိတ်သတ်အချို့ဟာ ဖာနန်ဒက်ကို အသင်းခေါင်းဆောင်လက်ပတ်လွှဲပြောင်းပေးဖို့ တောင်းဆိုနေကြပါတယ်။ ဖာနန်ဒက်ဟာ စပါးနဲ့ပွဲပထမပိုင်းအပြီးမှာ နည်းပြဖြစ်တဲ့ ဆိုးရှားလ်ရဲ့နည်းစနစ်အလွဲတွေကို ထောက်ပြဝေဖန်ခဲ့သလို မန်ယူအသင်းရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်လိုခြင်းမရှိကြဘူးလို့ ဒေါသတကြီးပေါက်ကွဲခဲ့တာပါ။

သူ့ရဲ့ အဲ့ဒီလိုလုပ်ရပ်အပေါ် မန်ချက်စတာယူနိုက်တက်ပရိတ်သတ်တွေက ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ သရဲနီစိတ်ဓါတ်အပြည့်အဝရှိသူလို့ ချီးကျူးပြောဆိုခဲ့ပြီး သူ့ကို အသင်းခေါင်းဆောင်လက်ပတ်ပေးဖို့ လူမှုကွန်ရက်တွေက တစ်ဆင့်တောင်းဆိုနေကြတာပါ။
Zawgyi
မက်ဂွိုင်းယားကိုအသင်းခေါင်းဆောင်ပေးမိတာလုံးဝမှားတာဘဲလို့ အီဗရာဝေဖန်

မန်ယူနောက်တန်းကစားသမားဟောင်း အီဗရာ ဟာ မန်ယူအသင်းကို ခင်တွယ်ပြီး လက်ရှိ Sky Sport မှာ လည်း မန်ယူ အသင်းပွဲတွေနဲ့ ပတ်သက်ပြီး တကယ့်လက်တွေ့ကျတဲ့သုံးသပ်မှုတွေကို ဝေဖန်နေသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပက်သက်ပြီး သူ့ထင်မြင်ယူဆချက်တွေကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသားဝေဖန်လေ့ရှိပြီး ဒီတစ်ခါမှာလည်း မန်ယူအသင်းအနေနဲ့ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့တဲ့အကြောင်းခုလိုပြောပြလာပါတယ်။

” မန်ယူရဲ့ ပျက်စီးခြင်းအစတွေထဲမှာ အသင်းကိုရောက်လာတာ ဘာမှမကြာသေးတဲ့ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်လက်ပတ်ပေးလိုက်တာပါပဲ။ ဒါလုံးဝမှားတာပဲ”လို့ အီဗရာကဝေဖန်လိုက်တာပါ။

ယူနိုက်တက်အသင်းဟာ ပီးခဲ့တဲ့ စပါးနဲ့ ကစားတဲ့ပွဲအပြီး နောက်ဆက်တွဲပြဿနာတွေ ဝေဖန်မှုတွေ ကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ အဲ့ဒီပွဲမှာလည်း မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ခေါင်းဆောင်မပီသမှုတွေကြောင့် အသင်းသားတွေနဲ့ ခေါင်းဆောင်အကြား သဘောကွဲလွဲမှုတွေရှိခဲ့ပြီး ပရိတ်သတ်တွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကိုလည်း ကြုံတွေ့နေရတာပါ။

တစ်ဖက်မှာ ယူနိုက်တက်ရဲ့ ပရိတ်သတ်အချို့ဟာ ဖာနန်ဒက်ကို အသင်းခေါင်းဆောင်လက်ပတ်လွှဲပြောင်းပေးဖို့ တောင်းဆိုနေကြပါတယ်။ ဖာနန်ဒက်ဟာ စပါးနဲ့ပွဲပထမပိုင်းအပြီးမှာ နည်းပြဖြစ်တဲ့ ဆိုးရှားလ်ရဲ့နည်းစနစ်အလွဲတွေကို ထောက်ပြဝေဖန်ခဲ့သလို မန်ယူအသင်းရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်လိုခြင်းမရှိကြဘူးလို့ ဒေါသတကြီးပေါက်ကွဲခဲ့တာပါ။ သူ့ရဲ့ အဲ့ဒီလိုလုပ်ရပ်အပေါ် မန်ချက်စတာယူနိုက်တက်ပရိတ်သတ်တွေက ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ သရဲနီစိတ်ဓါတ်အပြည့်အဝရှိသူလို့ ချီးကျူးပြောဆိုခဲ့ပြီး သူ့ကို အသင်းခေါင်းဆောင်လက်ပတ်ပေးဖို့ လူမှုကွန်ရက်တွေက တစ်ဆင့်တောင်းဆိုနေကြတာပါ။

Leave a Comment

Your email address will not be published.