အတ္တလန်တာအသင်း ဥက္ကဠက အာမက်ထရာအိုရေးရဲ့ အပြောင်းအရွေ့နဲ့ပါတ်သက်ပြီး မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့နဲ့အက်ဝုဒ်ဝက်ကို ဒဲ့ဝေဖန်ရင်းချီးကျူးစကားပြောလိုက်ပါတယ်။ မန်ယူအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးအချိန်လေးမှာ ပေါင်၃၇သန်းပေးပြီးခေါ်ယူလိုက်နိုင်ပါတယ်။ ဒါပေမယ့် သူ့ကိုခေါ်ယူဖို့ဆွေးနွေးတာက မကြာသင့်ပဲ အချိန်တွေများစွာကြာမြင့်ခဲ့လို့ အတ္တလန်တာအသင်း ဥက္ကဠက ဘုတ်အဖွဲ့ကို ဝေဖန်ခဲ့တာပါ။” အာမက်ထရာအိုရေးရဲ့ အပြောင်းအရွေ့အတွက် ဆွေးနွေးတာ တစ်နှစ်ကျော်ကြာတယ်ဗျာ။ သူတို့ ( ယူနိုက်တက်အသင်းတာဝန်ရှိသူတွေ) အလုပ်ကို ဘယ်လိုလုပ်နေလဲ၊ ကိစ္စကြီးတွေကို ဘယ်လိုကိုင်တွယ်နေလဲဆိုတာ ခင်ဗျားမြင်ကြည့်လို့ရမယ်ထင်တယ်။ ” လို့ အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ L’Eco di Bergamo နဲ့ တွေ့ဆုံရာမှာ ပြောကြားသွားခဲ့ပါတယ်ဒါ့အပြင်လူငယ်ကစားသမားလေးအတွက် မန်ယူတို့နဲ့အရောင်းအဝယ်လုပ်ခဲ့ရတဲ့ သူ့ရဲ့ဂုဏ်ယူဝံ့ကြွားမှုကို အတ္တလန္တာဥက္ကဌအန်တိုနီယိုပါကတ်စီက ထုတ်ပြောခဲ့ပါတယ်။ “မန်ချက်စတာတို့နဲ့ဆွေးနွေးမှုက တနှစ်ကျော်ကြာခဲ့ပါပြီ။ သူတို့ရဲ့အသေးစိတ်နဲ့အနာဂါတ်မျှော်မှန်းချက်တွေက ရူးလောက်စရာပါ။ အစည်းအဝေးတခုပြီးတခုတိုင်းမှာ မတွေးနိုင်လောက်စရာကိစ္စတွေကို ကျနော်တို့သိနားလည်ခဲ့ကြရပါတယ်”လို့ အီတလီမီဒီယာတခုမှာ ချီးကျူးစကားပြောဆိုခဲ့ပါတယ်။အာမက်ကို ယူနိုက်တက်တို့ ခေါ်ယူနိုင်ခဲ့ပေမဲ့ ဆွေးနွေးမှုအချိန်တွေကြာမြင့်ခဲ့တဲ့အတွက်အခုနှစ်အပြောင်းအရွှေ့မှာ ရောက်လာမှာမဟုတ်ပါဘူး။ လာမယ့် ဇန်နဝါရီမှာမှ ယူနိုက်တက်အနေနဲ့ ပြောင်းရွှေ့ကြေးပေးပြီး၊ တခါတည်းခေါ်ဖို့ သဘောတူညီမှုရထားတာဖြစ်ပါတယ်။ အခုနှစ်မှာမရောက်လာတာက ကစားသမားရဲ့ Work Permit နဲ့ ပတ်စပို့ကြောင့်လို့ သိရပါတယ်။

ထရန်စဖာနောက်ဆုံးနေ့ကို ရောက်နေတာဖြစ်တဲ့အတွက် ပတ်စပို့က မရတော့ပါဘူး။ (၁၈)နှစ်ပြည့်ထားတဲ့ ကစားသမားအနေနဲ့ လာမယ့်ဇန်နဝါရီမှာမှ တခါတည်းရောက်လာဖို့ှရိနေပြီး၊ ပါမားရဲ့လက်လွှတ်မှုကို ချက်ချင်းဆိုသလို ယူနိုက်တက်က ဝင်ဆွေးနွေးကာ အရခေါ်နိုင်ခဲ့တာဖြစ်ပါတယ်။ Work permit ကိုတော့ အကျယ်တဝင့်မရှင်းပြထားတဲ့အတွက် ဇန်နဝါရီကိုပဲ စောင့်ကြည့်ရမှာပါ။အာမက်ထရာအိုရေးရဲ့ ခြေစွမ်းအနေနဲ့ လက်ရှိ စီးရီးအေမှာ (၂၅)မိနစ်ပဲ ကစားရသေးပြီး၊ ၁ ဂိုးသွင်းခြေစွမ်းပြထားသူပါ။ အတ္တလန်တာအသင်းရဲ့ တောင်ပံကစားသမားလည်းဖြစ်၊ ကွင်းလယ်တိုက်စစ်ကို ကစားတဲ့ ပါပု ဂိုမက်စ်က သူတို့ရဲ့ အကယ်ဒမီထွက်လေးကို မက်ဆီနဲ့ကို ခိုင်းနှိုင်းချီးကျူးထားပြီး၊ အာမက်ထရာအိုရေးနဲ့ ပတ်သက်လို့ ကျွန်တော် ပြောတာကို ယုံကြည်ပါလို့ အာမခံပေးထားပါတယ်။

 

 

 

 

Leave a Comment

Your email address will not be published.