ချဲယ်ဆီးအသင်းရဲ့အားထားရတဲ့ကွင်းလယ်ကစားသမား ကန်တေဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ယနေ့ညမှာ ကစားမယ့်ပွဲစဉ်အပြီးမှာ ကလပ်အသင်းကိုပြန်မလာသေးဘဲသူငယ်ချင်းမဂ်လာပွဲကိုတတ်ရောက်ခွင့်တောင်းဆိုရာမှာ နည်းပြ လမ်းပတ်ကခွင့်မပြုခဲ့ဘူူးလို့သိရပါတယ်။

အဆိုပါတောင်းဆိုမှုပြုလုပ်စဉ်မှာ လမ်းပတ်နဲ့ကန်တေတို့ဟာပြင်းပြင်းထန်ထန်စကားများခဲ့ကြပြီး ပြင်သစ်လက်ရွေးစင်ဟာ ချဲယ်ဆီလ်းအသင်းကနေထွက်ခွာမယ်လို့ပြောကြားခဲ့တယ်လို့သိရပါတယ်။လမ်းပတ်ကတော့ ကန်တေအနေနဲ့မင်္ဂလာပွဲကိုသွားရောက်ခဲ့ရင်အသင်းကိုပြန်လည်ရောက်၇ှိချိန်နောက်ကျပြီး အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေလွဲချော်မှာစိုးတာကြောင့်တားဆီးခဲ့တယ်လို့ဆိုပါတယ်။

ကန်တေဟာ ချဲယ်ဆီးအသင်းကနေထွက်ခွါပြီး ပြင်သစ်လူမျိုးနည်းပြလုပ်နေတဲ့ ရီးရဲယ်အသင်းကိုလာမယ့်ဇန်နဝါရီမှာပြောင်းရွှေ့တော့မယ်လို့သတင်းတွေကျယ်ကျယ်ပျံ့ပျံ့ထွက်ပေါ်လာသလို ရီးရဲယ်အသင်းကလည်းအဆိုပါသတင်းတွေနဲ့ပါတ်သတ်ပြီးမှတ်ချက်ပေးတုံ့ပြန်တာမျိုးမပြုလုပ်ခဲ့ပါဘူး။

Related Topic:

Leave a Comment

Your email address will not be published.